ဖောင်းပြင်က ရှေ့တန်းရဲဘော်တွေရဲ့ ခေါင်းစဥ်မရှိတဲ့သီချင်း (ရုပ်/သံ)

ဖောင်းပြင် PDF ရဲဘော်တွေဟာ ရှေ့တန်းမှာတိုက်ပွဲနားချိန် တီးစရာတူရိယာတခုတွေ့လို့ သူတို့စပ်ထားတဲ့ ဖောင်းပြင်မြို့အကြောင်းသီချင်းကို သီဆိုခဲ့ကြပါတယ်။

“သီချင်းက ဒီတိုင်းပဲ စပ်ဆိုထားကြတာ၊ ခေါင်းစဉ်တောင် ပေးမထားကြဘူး။ ဝိုင်းပြီးတော့ စပ်ကြတာပေါ့။”လို့ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ သီချင်းဟာ တပ်ရင်းက ရဲဘော်တွေစုပြီး ရေးစပ်ထားကြတာဖြစ်ပြီး ရဲဘော်တွေ ကိုယ်တိုင်သီဆိုထားကြကာ အရင်ကတော့ စခန်းမှာ မယ်ဒလင်နဲ့ ဆိုလေ့ရှိကြတယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့နယ် PDFတပ်ရင်း ၁က ရှေ့တန်းရဲဘော်တွေဟာ တိုက်ပွဲနားချိန်မှာ စိတ်ပင်ပန်းပြေစေဖို့ သီချင်းစပ်ကာ သီဆိုတာတွေ လုပ်လေ့ရှိပါတယ်။

#မြေလတ်အသံ

#ဖောင်းပြင် #PDF #သီချင်း #ရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10