ဖောင်းပြင်မှာ တပ်ကြပ် ၁ ဦးအပါ ၃ ဦး လက်နက်နဲ့အလင်းဝင်

ဖောင်းပြင်မှာ တပ်ကြပ် ၁ ဦးအပါ ၃ ဦး လက်နက်နဲ့အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် အခြေစိုက် မော်လိုက်ခရိုင် တပ်ရင်း ၁ ဆီကို စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးနဲ့ ပျူစောထီး ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ရဲဘော်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၉ ရက်က ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းပျူစောထီးစခန်းကနေ အသက် ၂၇ နှစ်အရွယ် တပ်ကြပ် ၁ ဦးနဲ့ ပျူစောထီး ၂ ဦး အလင်းဝင်လာတာဖြစ်ပြီး သူတို့နဲ့အတူ MA 1 သေနတ်‌ ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ပြောင်းချော ၁ လက်၊ ကျည် ၃၀၀ ကျော် ပါလာတယ်လို့ ဆိုပါတယ်။

တပ်ကြပ်က ဟုမ္မလင်းအခြေစိုက် ခမရ ၃၇၀ ကဖြစ်ပြီး သူတို့ရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 

“စကစဘက်က တပ်ကြပ် ၁ ယောက်၊ ပျူ ၂ ယောက်၊ စခန်းကထွက်ပြေးလာပြီး ရင်း ၁ ဘက်ကို အလင်းလာဝင်တာ၊ တပ်ကြပ်က ၃၇၀ တပ်က၊ နာမည်တော့ ပြောလို့မရဘူး၊ ခုတော့ နွေးထွေးစွာ စောင့်ရှောက်ထားပါတယ်။"လို့ မော်လိုက်ခရိုင် တပ်ရင်း ၁ ရဲဘော် ၁ ဦးက အတည်ပြုပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေတွေ ပြန်လည် ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း ကျွန်းကုန်းရွာနဲ့ ၄ မိုင်အကွာရှိ သောင်သွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဖောင်းပြင် #တပ်ကြပ် #ပျူ #ထွက်ပြေး #အလင်းဝင် #မော်လိုက်ခရိုင်တပ်ရင်း၁ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10