ဖဲရိုက်နေတဲ့ ပျူတွေကို အလစ်ဝင်တိုက်လို့ ၁၃ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းနိုင်ခဲ့ဟုဆို

ဖဲရိုက်နေတဲ့ ပျူတွေကို အလစ်ဝင်တိုက်လို့ ၁၃ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းနိုင်ခဲ့ဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တဲကုန်းရွာမှာ ဖဲရိုက်နေတဲ့ ပျူစောထီးတွေကို ဧပြီလ ၂၅ ရက် ည ၉ နာရီခွဲခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေ များပြားတယ်လို့ မြိုင်မြို့နယ် ပကဖအဖွဲ့ဆီက သိရပါတယ်။

 

မြို့ခင်းသာရွာ၊ မှိုက်ပင်ကုန်းနဲ့ တဲကုန်းရွာက ပျူစောထီးအင်အား ၃၀ ဦးခန့်ဟာ တဲကုန်း(ပျူ)ရွာမှာ စုပြီးဖဲရိုက်နေစဉ် အလစ်ဝင်ပစ်ခဲ့တာကြောင့် ၁၃ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

“ပျူစောထီးတွေ ဖဲရိုက်နေတာကို ပထမ လက်ပစ်ဗုံးပစ်လိုက်တယ်။ ဒီကောင်တွေဘက်က ဘာမှမလုပ်နိုင်ဘူး။ မျက်မြင်တွေ့ခဲ့ရတာက ပျူစောထီး ၁၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်။ အဲဒီသေဆုံးတဲ့အထဲမှာ တဲကုန်းရွာက ပျူခေါင်းဆောင် တင်ဝင်းက ပွဲချင်းပြီးသေပြီး ပျူ တင်အေးကတော့ ပခုက္ကူဆေးရုံ ပို့ထားရတာ သေမယ်ရှင်မယ် မသိသေးဘူး” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးတွေဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် PDF ရဲဘော်တဦး ကျည်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

တဲကုန်းရွာ ပျူစောထီးတွေကို စစ်ကောင်စီတပ်က ကာဘိုင် ၃ လက် နဲ့ တတောင့်ထိုးတွေ ချပေးထားတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ကာဘိုင် ၁ လက်၊ ခါးချိုးသေနတ် ၄ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကာဘိုင်ကျည် ၃၂ တောင့်၊ ကျည်ဘောက် ၂ ခု၊ တတောင့်ထိုးကျည် ၂၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုအပြီးမှာတော့ စစ်အုပ်စုအင်အား ၂၀၀ လောက်နဲ့ကင်းပတ်ပြီး ကန်တော်ရွာက နေအိမ် ၁၂ လုံးကို မီးရှို့သွားခဲ့ပြီး၊ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ တပ်ရင်း(၁) ခွဲ (၄) စု(၃) မှ စိတ်(၁/၂) ၊ မြိုင်ပကဖ IO အဖွဲ့ နှင့် Black Cobra တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10