ဖျက်အားပြင်းပေပါမိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူများ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ခလရ  ၂၅၁ တပ်ကအင်အား ၁၇ ဦးခန့်ပါ စစ်ကြောင်းကိုဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီလောက်မှာ ပေပါမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ နှမ်းဆီကန်ရွာ ပြည်သူပိုင်နေအိမ်တွေက ရိက္ခာတွေယူပြီးထွက်လာတဲ့အချိန် ရွာလယ်မှာ ပေပါမိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲခံရတဲ့ စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ နှမ်းဆီကန်ရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့နေတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ တပ်ရင်း(၂/၆/၇/၁၇) ၊  မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း(၁) တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ Myaing Warriors တပ်ဖွဲ့ ၊  အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ MRDFတပ်ဖွဲ့ နှင့် KMDF ကမ္မကာကွယ်ရေးတပ်ဖွဲ့ (ကမ္မတပ်ပေါင်းစု) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကလည်း မြိုင်မြို့နယ် တွင်းမရွာကထွက်လာတဲ့ ခလရ ၂၅၁ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ  အဖွဲ့က သာစည်ကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အရာရှိတဦးအပါအဝင် ၂၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိင်မြို့နယ် #ပကဖ #ပေပါမိုင်း #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက်မှု #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10