သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်ထဲက ရဲစခန်းနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းအသုံးပြုပြီး ၆၀ မမ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တပ်ကြပ်ကြီး ၁ ဦးသေဆုံးကာ ဗိုလ်အဆင့်ရှိသူအပါအဝင် ၉ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်နဲ့နီးစပ်သူ ရဲဘော်တဦးက ပြောပါတယ်။
ဇူလိုင် ၂၉ ရက် မနက် ၉ နာရီခွဲလောက်မှာ လေးအိမ်စုရွာထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူတဦးရဲ့ပေါင်ကို ဗုံးစထိမှန် ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ် ၁၁ နာရီကျော်မှာပဲ ဝဲကြီးကျေးရွာမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၆၀ မမ ဗုံးသီးတွေနဲ့ ထပ်မံဗုံးကြဲခဲ့ရာ တပ်သား ၅ ဦးဒဏ်ရာရခဲ့ပြီး နေ့လယ် ၁၂ နာရီမှာတော့ အုတ်ဖြတ်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ကြပ်ကြီးအဆင့်ရှိသူသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“အုတ်ဖြတ်ရဲစခန်းဖြစ်စဉ်မှာ ဆရာကြီးဆိုတဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူ သေပြီး ၂ ယောက်ထိခိုက်တယ်၊ ဒလန်တကောင် ထိတယ်၊ ပြီးတော့ ရန်သူ(စစ်ကောင်စီ)ဘက်က ပေါင်ထိတဲ့တယောက်က ဗကအဆင့် အရာရှိတဦး"လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒီထိခိုက်သေဆုံးမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကတော့ မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖြူးမြို့နယ်မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း ဖြူးမြို့နယ်က အုတ်ဖြတ်တံတားစစ်ဆေးရေးဂိတ်နဲ့ မိတ္ထီလာစုရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး တပ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#သတင်း #ပဲခူး #ဖြူး #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံးမှုရှိ #KNLA #PDF #ဒရုန်း #ဗုံးကြဲ
Share Share Share