ဖြူးမြို့နယ်က ပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမလဲ

ဖြူးမြို့နယ်လေးဟာ တောင်ငူခရိုင်ထဲ မြို့နယ်လေးဖြစ်ပြီး၊ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိတဲ့ မြို့နယ်လေးဖြစ်ပါတယ်။

ဖြူးမြို့နယ်ထဲမှာ ဖြူး၊ ဇေယျဝတီနဲ့ ကညွတ်ကွင်းဆိုပြီး မြို့သုံးမြို့ရှိပြီး ရပ်ကွက် ၁၈ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၈ အုပ်စုအတွင်း လူဦးရ ၂ သိန်း ၉ သောင်းကျော်နေထိုင်ကာ၊ ဗမာတိုင်းရင်းသားအများစုနေထိုင်ပြီး၊ ကရင်တိုင်းရင်းသားဒုတိယအများဆုံးနဲ့ ရှမ်းတိုင်းရင်းသား တတိယအများဆုံးနေထိုင်ကြပါတယ်။

အခုလာမယ့်  နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဖြူးမြို့နယ်အတွင်း နိုင်ငံရေးပါတီကြီး ၆ ခု ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၈ သောင်းကျော်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10