ဖြူးမြို့နယ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေပြီး ကလေး ၁ ဦးအပါ ၅ ဦးဒဏ်ရာရ

ဖြူးမြို့နယ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေပြီး ကလေး ၁ ဦးအပါ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင်အနောက်ကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေပြီး ကလေး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ဥသျှစ်ခင်ကျေးရွာလမ်းပေါ်ကို လက်နက်ကြီးတလုံးကျပြီး ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာနဲ့အနီးအနား လူနေအိမ်တွေ ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။

"တိုက်ပွဲဖြစ်နေတာမျိုးလည်းမရှိဘူး။ အဲတော့ရွာက လူတွေက ပုံမှန်သွားလာနေချိန်မှာ လက်နက်ကြီးကျလာ တာလို့ သိရတယ်။ အဲဒီမှာ ကလေးတွေကော အမျိုးသမီးတွေကိုပါ အစမှန်ကုန်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ မအိအိစိုး ၁၈ နှစ်မှာ ဒဏ်ရာပြင်းထန်ရပြီး ဖြူးဆေးရုံပို့ဆောင်စဥ် ဆေးရုံရောက်ပြီး နောက် သေဆုံးသွားပါတယ်။

ဒါ့အပြင် အသက် ၄ နှစ်အရွယ် မောင်ကောင်းပြည့်လျှံ၊ အသက် ၂၅ နှစ်အရွယ် မအိထက်စန္ဒီကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်သန္တာ၊ အသက် ၃၉ နှစ်အရွယ် ဦးဇော်မင်း၊ အသက် ၃၀ အရွယ် ဒေါ်မာမာလွင်တို့မှာ ခြေထောက်၊ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောတွေမှာ ဒဏ်ရာတွေရခဲ့ပြီး ဖြူးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

အဆိုပါ လက်နက်ကြီးဟာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မတ် ၇ ရက်ကလည်း ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာမှာ စစ်တပ်ဘက်ကပစ်တဲ့ လက်နက်ကြီး ကျေးရွာထဲ ကျလို့ ၈ နှစ်အရွယ်ကလေးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဖြူးမြို့နယ် #ဥသျှစ်ခင်အနောက်ကျေးရွာ #လက်နက်ကြီး #အရပ်သား #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10