ဖြူးမြို့နယ်မှာ အမျိုးသား ၁ ဦးကို PDF ဆိုပြီး စစ်ကောင်စီပစ်သတ်

ဖြူးမြို့နယ်မှာ အမျိုးသား ၁ ဦးကို PDF ဆိုပြီး စစ်ကောင်စီပစ်သတ်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ပေါက်ကုန်းကျေးရွာအနီးမှာ အသက် ၅၀ ခန့်အမျိုးသား ၁ ဦးကို PDF ဆိုပြီး စစ်ကောင်စီက ပစ်သတ်လိုက်တယ်လို့ ဖြူးအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် ည ၉ နာရီခန့်မှာ ပေါက်ကုန်းကျေးရွာအနီးလမ်းပေါ်မှာ တဦးတည်းလမ်းလျှောက်လာတဲ့ အသက် ၅၀ အရွယ် အမျိုးသားကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားပြီး ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။

" သေနတ်လည်းပါတယ်လို့ စကစဘက်က တင်ထားတာဆိုတော့ သေနတ်ပါရိုးမှန်ရင် သေနတ်ပုံအရဆို UG အဖွဲ့ဝင်တဦးဖြစ်နိုင်တယ်။ အဲ့လိုမှ မဟုတ်ရင် ရွာသားကို PDF ဆိုပြီး ပစ်သတ်တာလည်းဖြစ်နိုင်တယ်"လို့  ဖြူးအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျေးရွာအနီး ကင်းပုန်းဝပ်နေချိန်လာတဲ့ အမျိုးသားကို တားဆီးစစ်ဆေးရာ အမေရိကန်နိုင်ငံထုတ် ခြောက်လုံးပြူး ၁ လက်၊ ကျည် ၅တောင့် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖို့ ခေါ်ဆောင်သွားချိန် ထွက်ပြေးလို့ ပစ်ခတ်ခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ဖြူးမြို့နယ်၊ အင်ပင်သာရွာ စာကြည့်တိုက်အနီးမှ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ကလေး ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ဖြူးမြို့ #ပေါက်ကုန်းကျေးရွာ #PDF #စစ်ကောင်စီ #ပစ်သတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10