ဖြူးမှာ တံတားစောင့်ရဲ ၁ ဦး စနိုက်ဘာနဲ့အပစ်ခံရလို့ သေဆုံး

ဖြူးမှာ တံတားစောင့်ရဲ ၁ ဦး စနိုက်ဘာနဲ့အပစ်ခံရလို့ သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်ကူးတံထား(အုတ်ဖြတ်)မှာ တာဝန်ကျတဲ့ စစ်ကောင်စီရဲတပ်သားတဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူက တဆင့် သိရပါတယ်။

ဇူလိုင် ၁၉ ရက် မနေ့ကမနက် ၈ နာရီခွဲဝန်းကျင်က KNLA နဲ့ ရိုးမစစ်ကြောင်း ၂ တို့ ပူးပေါင်းတိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“အဓိက သူတို့ကို အလုပ်ပေးတာပေါ့။ ရသလောက်ယူတာပေါ့၊ အုတ်ဖြတ်(တံတား)က ကောင်တွေ ခေါင်းတောင် မဖော်ရဲဘူး။ အခု ဒါဘန်ကာထဲမှာ ခေါင်းလေးနည်းနည်းတွေ့တာနဲ့ သွားတာပဲ တယောက်"လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စနိုက်ဘာနဲ့ ပစ်ခတ်ခံရလို့ ရဲတပ်သား ထိန်လင်း ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်ခံရချိန်ကစပြီး ၈၁ မမတွေနဲ့ တနေ့လုံးပြန်လည် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ အုတ်ဖြတ်တံတားဟာ မကြာခဏဆိုသလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံနေရတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ညနေပိုင်းကလည်း စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး ရဲတပ်သားတဦး ထိမှန် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့နယ် #စစ်တောင်းမြစ်ကူးတံထား  #အုတ်ဖြတ်) #စနိုက်ဘာ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10