ဖြူးမှာ စစ်ကောင်စီတပ် တရက်တည်း ၃ ကြိမ်တိုက်ခိုက်ခံရလို့ တပ်သား ၃ ဦးသေဆုံး

ဖြူးမှာ စစ်ကောင်စီတပ် တရက်တည်း ၃ ကြိမ်တိုက်ခိုက်ခံရလို့ တပ်သား ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက စစ်ကောင်စီအထိုင်ချထားတဲ့ နေရာ ၃ ခုကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေဆီက သိရပါတယ်။

ဇူလိုင် ၂၇ ရက် မနေ့ နေ့လယ် ၁ နာရီက အုတ်ဖြတ်တံတား စစ်ဆေးရေးဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် တပ်သားတဦးသေဆုံးကာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှု အနည်းငယ် ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ် ၂ နာရီခွဲမှာ မိတ္ထီလာစုရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့ကာ တပ်သား ၂ ဦးသေဆုံးပြီး၊ ‌နေ့လယ် ၃ နာရီခွဲမှာတော့ အုတ်ဖြတ်တံတား စစ်ဆေး‌‌ရေးဂိတ်ကို ၆၀ မမ ‌ဗုံးသီးနဲ့ ဝေဟင်ကနေ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စနိုက်ပါ တချက် စကစ တကောင်ထိ သေတယ်၊ ရန်သူဘက်က ၄၀ မမ ၅ လုံး လက်နက်ငယ် အမြောက်အများနဲ့ ပစ်လို့ ပူး‌ပေါင်းအဖွဲ့တွေကလည်း ပြန်ပစ်တယ်၊ အုတ်ဖြတ်တံတား ဗုံးသီးချတာတော့ အသေပျောက် မသိသေးဘူး၊ မိတ္ထီလာစုမှာတော့ **၂ကောင်ရတယ်။” လို့ ဒေသခံရဲဘော်တဦးက မြေလတ်အသံကို ‌ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်‌ကောင်စီတပ်သား ၃ဦး သေဆုံးထားတယ်လို့ ကနဦး စုံစမ်းသိရှိရပြီး ထပ်တိုး‌သေဆုံးနဲ့ ဒဏ်ရာရ တပ်သားအရေအတွက်ကတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) စစ်ဆေးရေးဂိတ်ဟာ မကြာခဏဆိုသလို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ခံနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ည ၇ နာရီကလည်း စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီ အထိုင်ချတပ်စွဲထားသည့် အုတ်ဖြတ် စစ်တောင်းမြစ်ကူးတံတား။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #စစ်ကောင်စီ #တိုက်ခိုက် #တပ်သား၃ဦးသေဆုံး #PPDF #KNLA #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10