ဖြူးမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိလို့ ကလေး ၂ ဦးသေဆုံး

ဖြူးမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိလို့ ကလေး ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကြူအင်းကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၂ ဦး ထိမှန်သေဆုံးပြီး လူကြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၄ ရက် မနေ့ကမနက် ၅ နာရီကျော်မှာ စစ်ကောင်စီအင်အား ၅၀ ကျော် ကြူအင်းကျေးရွာထဲကို PDF တွေရှိတယ်အထင်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်ဝင်ရောက်လာချိန်မှာ ထိခိုက်သေဆုံးခဲ့တာပါ။

"လက်နက်ကြီးတွေ ရွာထဲ ပစ်ဝင်လာတာ။ တိုက်ပွဲဖြစ်တာလည်း မရှိသလို အဲ့ရွာထဲမှာလည်း ကျနော်တို့ PDF တွေမရှိဘူး။ သူတို့ပစ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိတယ်"လို့ PDF ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အသက် ၁၀ နှစ်နဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးသေဆုံးပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး အားလုံးကို ဒေသခံတွေက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းထိ စစ်ကောင်စီအဖွဲ့ဟာ ကြူအင်းရွာထဲမှာ တပ်စွဲထားပြီး ဒေသခံတွေကိုလည်း ကျေးရွာအပြင်ကို မပေးထွက်ဘူးလို့ အထက်ပါရဲဘော်က ပြောပါတယ်။ 

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ကြူအင်းရွာထဲကို KNLA၊ PDF ပူးပေါင်းတပ်တွေဘက်က ဒရုန်းနဲ့ဗုံးချချိန် ဒေသခံတွေထိခိုက်သေဆုံးတာလို့ ရေးသားထားပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီကျော်မှာလည်း ဖြူးမြို့နယ်၊ လေးအိမ်စုရွာဘက်ကို အုတ်ဖြတ်တံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် သားအဖ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #ကြူအင်း #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံ #ကလေး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10