သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတားမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက် မနေ့ မနက် ၉ နာရီကျော်လောက်ကနေ နေ့လယ် ၁ နာရီခွဲအထိ အင်အား ၁၅ ဦးလောက်ရှိတဲ့ တံတားစောင့် စစ်သားတွေကို စနိုက်ပါ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စကစ တံတားစောင့်အဖွဲ့ကို စနိုက်ပါနဲ့ ၂ ကြိမ်၊ ဒရုန်းဗုံးနဲ့ ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပေမယ့် ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး"လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။
စနိုက်ပါနဲ့ ၂ ကြိမ် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒရုန်းဗုံးနဲ့ ၂ ကြိမ်ချ တိုက်ခိုက်ရာမှာ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို KNLA နဲ့ ရိုးမစစ်ကြောင်း ၂ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း အုတ်ဖြတ်တံတားကို လုံခြုံရေးယူပေးဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ အုတ်ဖြတ်ရဲစခန်းတွင်းမှာ ရှိနေချိန် ဒရုန်းအသုံးပြီး ၆၀ မမ ဒရုန်းဗုံးသီး နှစ်လုံးနဲ့ တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံးခဲ့ပါသေးတယ်။
ပုံစာ - စစ်ကောင်စီတပ်တွေ လုံခြုံရေးစောင့်နေသည့် အုတ်ဖြတ်ကျေးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတား။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ဖြူး #အုတ်ဖြတ်ကျေးရွာ #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး
Share Share Share