ဖြူး အုတ်ဖြတ်တံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ ထပ်ပစ်ခံရလို့ ၁ ဦးသေ

ဖြူး အုတ်ဖြတ်တံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ ထပ်ပစ်ခံရလို့ ၁ ဦးသေ

ပဲခူးတိုင်း​ဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီးရှိ အုတ်ဖြတ်တံတားစောင့်စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ ထပ်ပစ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ PDF အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂ ဆီက သိရပါတယ်။

စက်တင်ဘာလ ၁၂ ရက်ညနေ ၄ နာရီခန့်က အင်အား ၃၀ လောက်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ကို စနိုက်ပါနဲ့သေချာစောင့်ကြည့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သွားပစ်တာက တချက်ဘဲ။ တကောင်ကျတယ်။ ပစ်ပြီးတာနဲ့ပြန်ဆုတ်လာတာ။ စကစ ဘက်ကတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်" လို့ PDF အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူကပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခံရလို့ စစ်ကောင်စီအဖွဲ့ဝင် ၁ ဦးနေရာမှာဘဲ သေဆုံးသွားပြီး စစ်ကောင်စီရဲ့ အုတ်ဖြတ်ရဲစခန်းဘက်ကနေ ၄၀ မမ၊ ၈၁ မမ တွေအပြင် တံတားပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးအဖွဲ့ဝင်တွေကော ဒေသခံတွေပါ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

ဩဂုတ်လ ၅ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း အုတ်ဖြတ်တံတားမှာ စစ်ကောင်စီအင်အား ၃၀ လောက်ရှိချိန် စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားပါသေးတယ်။

အုတ်ဖြတ်တံတားက စစ်ကောင်စီအဖွဲ့ဟာ KNLA ပူးပေါင်းတပ်တွေရဲ့ မကြာခဏစနိုက်ပါနဲ့လာပစ်တာခံရတဲ့အတွက် ဇူလိုင်လအတွင်း ၃ ဦးသေဆုံးထားသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာ၊ RPG စမ်းသပ်တဲ့အနေနဲ့ လာရောက်ပစ်ခတ်တာ၊ တိုက်ပွဲ ဖြစ်ပွားတာတွေကြောင့် ၁၀ ဦး သေဆုံးထားပါတယ်။

ဇူလိုင်လ ၈ ရက်ကလည်း အုတ်ဖြတ်တံတား လုံခြုံရေးယူပေးဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ အုတ်ဖြတ်ရဲစခန်းတွင်းမှာ ရှိနေချိန် ဒရုန်းသုံးပြီး  ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံးနဲ့  တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူတိုင်း #ဖြုး #အုတ်ဖြတ်တံတား #ကင်းစောင့် #စစ်ကောင်စီ #စနိုက်ပါနဲ့ပစ်ခတ်ခံရ #ဒရုန်း #PDF #ရိုးမစစ်ကြောင်း၂ #KNLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10