ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း မင်းသွေးသစ် အင်းစိန်ထောင်မှ လွတ်မြောက်၊ ကျန်းမာရေးမကောင်းဟု မိသားစုဝင်ပြော

ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း မင်းသွေးသစ် အင်းစိန်ထောင်မှ လွတ်မြောက်၊ ကျန်းမာရေးမကောင်းဟု မိသားစုဝင်ပြော

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ကတည်းက ဖမ်းဆီးခံရပြီး ထောင်ကျခဲ့တဲ့ ‌ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ် ဒီကနေ့မနက် ထောင်က လွတ်မြောက်ခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်က ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကိုမင်းသွေးသစ် ပြန်လွတ်လာခဲ့ပေမယ့် ကျန်းမာရေးအခြေအနေ မကောင်းဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

"လွတ်ပါပြီ သူနဲ့အခုတွေ့နေတာပါ ကျန်းမာရေး သိပ်မကောင်းလာဘူး၊ ခါးနာတာ ၊ အစာအိမ်အူလမ်းကြောင်းပြဿနာနဲ့ မျက်စိပြဿနာတွေ ဖြစ်လာတယ်"လို့ ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၉၅ ဘနဲ့ ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရပြီ လွတ်မြောက်လာတာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10