သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော် ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒီကနေ့ ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ယမန်နှစ် ၂၀၂၃ ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ရုံးခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ဗကသ ရဲဘော် ၃ ဦးကို သတ်ဖြတ်ခဲ့တာကြောင့် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
#မြေလတ်အသံ
#ဘုတလင် #ဗကသ #ကျဆုံးခြင်း #စစ်အာဏာရှင် #ဆန့်ကျင်လှုပ်ရှားမှု #ဗကသများအဖွဲ့ချုပ် #ဓာတ်ပုံသတင်း
Share Share Share