ဗန်းမော်ကိုသွားမယ့် စစ်သင်္ဘော၉စီး ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၃၀ကျော်သေဆုံးပြီး သင်္ဘော ၂စီးပျက်စီးခဲ့( ရုပ်/သံ)

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စထွက်လာတဲ့ စစ်သင်္ဘော ၉စီးဟာ သပိတ်ကျင်းမြို့နယ်နဲ့ ကျောက်မြောင်းမြို့ကြားမှာ တိုက်ခိုက်ခံရလို့ သင်္ဘော ၂စီးထိခိုက်ပျက်စီးခဲ့ပါတယ်။

ဇူလိုင် ၂၆ရက် မနက် ၆နာရီဝန်းကျင်လောက်ကတည်းက မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘော၉စီး ဆန်တက်လာခဲ့ပြီး လမ်းတလျှောက် မြစ်ကမ်းဘေးတွေကို ပစ်ခတ်တာတွေလုပ်ခဲ့လို့ ထိခိုက်တဲ့ပြည်သူတွေလည်းရှိခဲ့ပါတယ်။ 

လက်နက်နဲ့ ရိက္ခာတွေသယ်လာပြီး ဗန်းမော်မြို့ကို သွားမယ့် အဲ့ဒီ သင်္ဘော ၉စီးကို ဇူလိုင် ၂၇ရက် နေ့လယ် ၁နာရီကျော်မှာ PDF ပူးပေါင်းအဖွဲ့တွေက ကျောက်မြောင်းမြို့အထက် သပိတ်ကျင်းမရောက်ခင်မှာ တိုက်ခိုက်ခဲ့ကြတာပါ။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အထက် ရုံးပင်ရွာအနီးမှာ စတင်တိုက်ခိုက်ခံရပြီး သပိတ်ကျဉ်းဆိပ်ကမ်းမှာမရပ်ခင်အထိ တနေကုန် တိုက်ပွဲ ၈ကြိမ်ဖြစ်ခဲ့လို့  စစ်သင်္ဘော ၂စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် သပိတ်ကျင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ဒဏ်ရာရစစ်သားတွေကို သပိတ်ကျင်းဆေးရုံမှာ ဆေးကုသတာတွေလုပ်ခဲ့ရသလို သပိတ်ကျင်းနဲ့ ၇မိုင်ဝေးတဲ့ ကျောက်ကြီးဆေးရုံကို သယ်သွားတယ်လို့ ပြောပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်အရ အဲ့ဒီသင်္ဘော ၉စီးဟာ ဇူလိုင် ၃၀ရက် မနက်အထိ သပိတ်ကျင်းမြို့နယ်နဲ့ တကောင်းမြို့နယ်ကြားမှာပဲရှိနေသးပြီး မြင်သာရွာမှာ ရပ်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #ဗန်းမော် #မန်းန္တလေး #စစ်သင်္ဘော #တိုက်ခိုက်ခံရ #PDF #သပိတ်ကျင်း #တကောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10