ဗန်းမော်ဘက်သွားတဲ့ စစ်သင်္ဘော ၉ စီး သပိတ်ကျင်းမှာ ဆိုက်ကပ်နေချိန် ထပ်မံတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံး

ဗန်းမော်ဘက်သွားတဲ့ စစ်သင်္ဘော ၉ စီး သပိတ်ကျင်းမှာ ဆိုက်ကပ်နေချိန် ထပ်မံတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံး

မန္တလေးကနေ ဗန်းမော်ဘက်ကိုသွားတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီး တိုက်ခိုက်ခံရပြီးနောက် ဆက်လက်ခရီး မထွက်နိုင်ဘဲ သပိတ်ကျင်းမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်နေချိန် ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီကျော်မှာ ထပ်မံတိုက်ခိုက်ခံရတာကြောင့် ဗိုလ်တဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေ ဆုံးခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ပြောပါတယ်။

သပိတ်ကျင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားထားတဲ့ အဲ့ဒီသင်္ဘော ၉ စီးကို PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁ နာရီကျော်ကြာတိုက်ခဲ့တာကြောင့် အခုလိုသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ဖရဲသီးပြောပြချက်အရ အရာရှိတဦးက ဝမ်းဗိုက်ပေါက်ပြီး သေတယ်။ တပ်သား ၃ယောက်ကတော့ ဆေးရုံမှာ သေတယ်" လို့ ဗိုလ်လင်းယုန်အဖွဲ့ခေါင်းဆောင် Zero One က ပြောပါတယ်။

အဆိုပါသင်္ဘော ၉ စီးဟာ ဇူလိုင် ၃၀ ရက်က သပိတ်ကျင်းဆိပ်ကမ်းကနေ ထွက်ခွာခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက် ဒီနေ့ မနက်မှာတော့ တကောင်းမြို့နယ်ရောက်ထဲကို ရောက်ရှိလာခဲ့ကာ လက်ရှိအချိန်ထိ ဘယ်နေရာကိုမှ ဆက်မသွားသေးဘဲ တကောင်းမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားဆဲဖြစ်တယ်လို့ ထီးချိုင့် PDF တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ သပိတ်ကျင်းတိုက်နယ် ပကဖ (ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ Nine PDF တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့၊ ခင်ဦးတပ်ရင်း ၃၊ KB ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အလားတူ ဇူလိုင် ၂၇ ရက်မှာလည်း အဲ့ဒီသင်္ဘော ၉ စီးကို ကျောက်မြောင်းမြို့နယ် အရောက်မှာ အထက်ပါ PDFတွေက တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၂ စီး ပျက်စီးခဲ့ကာ စစ်သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောဆိုထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #မန္တလေး #ဗန်းမော် #ကျောက်မြောင်း #သပိတ်ကျင်း #စစ်သင်္ဘော #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10