ဗန်းမော်မြို့က ပြန်လာတဲ့စစ်ကောင်စီသင်္ဘောက Non CDM တွေကို ခေါ်လာ

ဗန်းမော်မြို့က ပြန်လာတဲ့စစ်ကောင်စီသင်္ဘောက Non CDM တွေကို ခေါ်လာ

ဗန်းမော်မြို့ကနေစုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘော ၉ စီးဟာ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကို ခေါ်လာပြီး ဒီနေ့နေ့လယ်ပိုင်းမှာ မန္တလေးဆိပ်ကမ်းကို ဆိုက်ကပ်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီသင်္ဘောတွေက သြဂုတ် ၂၅ ရက် မနက် ၅ နာရီလောက်က ကသာမြို့ကနေပြီး ဆရာဝန်တွေအပါအဝင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၅၀ လောက်ခေါ်လာပြီး မန္တလေးကို ပြန်စုန်ဆင်းလာတယ်လို့ ကသာခရိုင်တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

"သတင်းအတိအကျတော့ မသိရဘူး။ ရာထူးတိုးနဲ့ အပြောင်းအရွှေ့လုပ်ရသူတွေလို့လည်း သတင်းကြားတယ် " လို့ ထီးချိုင့်မြို့က ဒေသခံတဦးကလည်းပြောပါတယ်။

လက်ရှိမှာ စစ်သင်္ဘောတွေဟာ မတ္တရာမြို့နယ်ထဲက စိန်ပန်းကုန်းကျေးရွာအနီးကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနက်ကတည်းက ကျောင်းတွေလည်း ပိတ်တယ်။ ဒေသခံတွေလည်း အကုန်ရှောင်နေကြတယ်။ ပစ်ခတ်သံတော့ မကြားလိုက်ဘူး။ တန်းစုန်သွားကြပြီ " လို့ စဥ့်ကူးမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

စစ်သင်္ဘောတွေကပ်မယ့် မန္တလေးဂေါဝိန်ဆိပ်ကမ်းမှာလည်း အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတယ်လို့ ဆိပ်ကမ်းအနီးနေထိုင်သူများက ပြောပါတယ်။

စစ်သင်္ဘောတွေဟာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက မန္တလေးကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့ပြီး လမ်းတလျှောက် မှာ စစ်သင်္ဘောတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့သလို လုံခြုံရေးလာပေးတဲ့ စစ်အုပ်စုကလည်း ဒေသခံတွေကို သတ်ဖြတ်ခဲ့တာမို့ ကသာမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တို့မှာ ကလေးငယ်တဦး အပါအဝင်ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၅၀ နည်းပါး ဖမ်းဆီးခံခဲ့ရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဗန်းမော်မြို့ #စစ်ကောင်စီသင်္ဘော #စစ်သင်္ဘော #စစ်ကောင်စီ #ဂေါဝန်ဆိပ် #nonCDM #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10