ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားပြုလုပ် (ရုပ်/သံ)

ဩဂုတ် ၁၅ ရက်မှာ ကျရောက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အမှတ် ၈၁၅ အနောက်မြောက်စစ်ဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း PLA က သတင်းထုတ်ပြန်ပါတယ်။

အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်လွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ ဟောပြောခြင်း၊ တေးသီချင်းများသီဆိုခြင်းနဲ့ မှတ်တမ်းဓာတ်ပုံပြပွဲများပြုလုပ်ခဲ့ရာ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ အနောက်မြောက်စစ်ဒေသတပ်ဖွဲ့ဝင်တွေက အကျွေး အမွေးအစီအစဥ်တွေနဲ့ ဧည့်ခံကြိုဆိုခဲ့ကြတယ်လို သိရပါတယ်။

#မြေလတ်အသံ

#reels #short #youtubeshort #news 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10