သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၀ နှစ်ပြည့်မွေးနေ့အမှတ်တရ အဖြစ် မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာပြုလုပ်ခဲ့တယ်လို့ Pakokku - Special Task Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။
မြိုင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ဒီမနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲအထိ ပဲပြုတ်၊ နံပြားနဲ့ နွားနို့ ကျွေးခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦးကိုကျွေးမွေးခဲ့တာဖြစ်ပြီး စုစုပေါင်းနံပြား ၃၅၀ ချပ်နဲ့ နွားနို့ ၃၅၀ ခွက် ကုန်ခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#မကွေး #မြိုင် #ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ #ပဲပြုတ် #နံပြား
Share Share Share