ဗိုလ်အောင်ကျော်နေ့ အခမ်းအနားကို မြို့နယ် ၃ ခုမှာ တပြိုင်နက်ထဲ ကျင်းပ

ဗိုလ်အောင်ကျော်နေ့ အခမ်းအနားကို မြို့နယ် ၃ ခုမှာ တပြိုင်နက်ထဲ ကျင်းပ

မြိုင်၊ ပုလဲနဲ့ ဘုတလင်မြို့နယ်တို့မှာ ၈၆ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ဘုတလင်မြို့နယ် ကျောင်းသာများသမဂ္ဂအဖွဲ့တို့က ဦးဆောင်ကာ အစီအစဉ် ၇ ခုနဲ့ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

"ကျောင်းသားတွေကို နိုင်ငံရေးအသိ နိုးကြားစေခြင်း၊ ကျနော်တို့နိုင်ငံမှာ သမိုင်းဝင်လှုပ်ရှားမှု‌တွေ၊ ဖိနှိပ်မှုကို တွန်းလှန်တိုက်ထုတ်တဲ့ အရေးအခင်းတွေမှာ ပါဝင်ခဲ့တဲ့‌ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့ စိတ်ဓာတ်ကို လက်ရှိကျောင်းသားတွေ သိမြင်နားလည်ပြီး လက်ရှိတော်လှန်ရေးမှာပါ ကျရာအခန်းကဏ္ဍက ပါဝင်လာနိုင်ရေးတွေအတွက် ရည်ရွယ်တယ်" လို့ ဗကသများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီဝင် ကျောင်းသားရဲဘော်တဦးက ဆိုပါတယ်။

သတင်း - ကျော်စွာ၊ စာတည်း - JCG

#မြေလတ်အသံ

#မြိုင် #ပုလဲ  #ဘုတလင် #ဗိုလ်အောင်ကျော် #ကျောင်းသားသမဂ္ဂ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10