ဗုံးကြဲခံရလို့ ဒဏ်ရာရစစ်သားတွေကို လာသယ်တဲ့ ကား ၂ စီးပါ ထပ်ဗုံးကြဲခံရ (ရုပ်/သံ)

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီး အထည်ချုပ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်က စစ်သားတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရစစ်သားတွေကို လာသယ်တဲ့ လူနာတင်ကားကိုပါ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့တပ်ဟာ အင်အား ၂၀ လောက်ရှိတဲ့ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေလို့ သိရပြီး ကိုးပင်ကျေးရွာအနီး အထည်ချုပ်စက်ရုံမှာ တပ်စွဲ‌နေကာ စစ်ဆေးရေးလုပ်နေချိန် မနေ့က ဇွန်လ ၂ ရက် နေ့လယ် ၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ Young Force -UG မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

"ဒရုန်း ၅ စီးနဲ့ ဗုံး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရတဲ့သူတွေရှိပြီး ဒဏ်ရာရတဲ့သူတွေကို မြို့ထဲကနေ ကား ၂ စီးနဲ့ လာသယ်တာ။ အိမ်စီးကား ၁ စီး၊ ဒယ်ဘယ်ကပ် ၁ စီးနဲ့ လာသယ်တာ။ လာသယ်တဲ့ကားပါ ဒရုန်းချတာမှာ မောင်းပြေးသွားတယ်။ စက်ရုံအထဲထိ ဒဏ်ရာရတဲ့သူတွေ လာသယ်တာမှာ ထပ်ချခဲ့တာ"လို့ ဆိုပါတယ်။ 

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိ ကိုးပင်ကျေးရွာမှာ စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကလည်း ပခုက္ကူအ ခြေစိုက် တပ်မ ၁၀၁ က တပ်သားတဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ Young Force - UG ထံကို အလင်းဝင်လာပါသေးတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ကိုးပင်ကျေးရွာ #စစ်ကောင်စီ စစ်ဆေးရေးဂိတ် #ဗုံးကြဲခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10