ဗုံးစမှန်ဒဏ်ရာနဲ့ ဆေးကုနေတဲ့ ပုဝါနီစစ်ကြောင်းကရဲဘော် ၁ လကျော်အကြာမှာ သေဆုံး

ဗုံးစမှန်ဒဏ်ရာနဲ့ ဆေးကုနေတဲ့ ပုဝါနီစစ်ကြောင်းကရဲဘော် ၁ လကျော်အကြာမှာ သေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပုဝါနီစစ်ကြောင်းက ဒေသခံကာကွယ်ရေး ရဲဘော် ၁ ဦးဟာ စစ်ကောင်စီရဲ့ဒရုန်းဗုံးထိမှန်ပြီး ဆေးကုသနေခဲ့ရာက ၁ လကျော်အကြာမှာ သေဆုံးခဲ့တယ်လို့ စစ်ကြောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ရဲဘော် သီလဝ ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်မှာ ဆေးကုသနေတဲ့နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ဆေးကုသနေရင်းကနေ ရထားတဲ့ဒဏ်ရာနဲ့ ဆုံးတာ။ ခွဲတော့ခွဲစိတ်တာပဲ။ အဲ့တုန်းက ပေါင်မှာဒဏ်ရာရတာ။ ဓာတ်မှန်တွေမရှိတော့ အကောင်းလို့ပဲ ထင်ထားတာ။ အဲ့ဒီမှာအိမ်သာသွားရင်း ထပ်လဲတော့ ကျိုးသွားတာ။ ကျနော်တို့နေရာမှာလုပ်လို့မရတော့ ရတဲ့နေရာကိုပို့ ဆေးကုသနေရင်းကနေ ဆုံးသွားတာပါ။"လို့ ပုဝါနီစစ်ကြောင်းတာဝန်ခံက ပြောပါတယ်။

ရဲဘော်သီလဝဟာ ယခင် တောင်ငူခရိုင်တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ ကဖြစ်ပြီး တပ်ရင်းက တာဝန်ပေးချက်အရ ပုဝါနီစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ကာ စည်းကမ်းလိုက်နာပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ရဲဘော်ဖြစ်တယ်လို့ ဆိုပါတယ်။

နာရေးကိုတော့ အောက်တိုဘာ ၁၅ ရက်မှာ သူဆေးကုနေတဲ့ဒေသမှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ ရွာမ၊ ကဲလင်းဆိပ်ရွာသစ် ရှားတောပိုင်းနဲ့ ရွာသာယာတို့မှာ တိုက်ပွဲမရှိဘဲ စစ်တပ်ကဒရုန်းဗုံးချခဲ့ချိန် ကဲလင်းဆိပ်ကျေးရွာ လမ်းဆုံမှာရှိနေတဲ့ ရဲဘော်သီလဝရဲ့ပေါင်ကို ဗုံးစထိမှန်ခဲ့တာဖြစ်ပါတယ်။  

အဲ့ဒီဖြစ်စဥ်မှာပဲ ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး နောက်ထပ်တော်လှန်ရေးရဲဘော် ၂ ဦးအပါ စုစုပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #ရေတာရှည် #ဒရုန်းဗုံးထိမှန် #ဆေးကု #PDFရဲဘော် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10