သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာအနီးမှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းသယ်လာတဲ့ကား ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက် မနေ့ကနေ့လယ် ၁၀ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ဟွန်ဒါအဖြူရောင်ကားနဲ့ တပ်ဖွဲ့အခြေစိုက်စခန်းမှာ သေနတ်နဲ့ ဗုံးသီးတွေသယ်ပြီး ထွက်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ကျနော်တို့ ဌာနကို လက်နက်ခဲယမ်း လာထုတ်တာ၊ ပခန်းကြီးအနားမှာ **စစ်ကြောင်း နောက်ချန်ကင်းနဲ့တွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ၊ သေဆုံးမှုတော့မရှိဘူး။ ရဲဘော် ၁ ဦးကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ကားစက်နှိုးလို့မရတဲ့အတွက် လူတွေသာလွတ်အောင် ဆုတ်ခွာခဲ့ရတာကြောင့် ကားနဲ့ Glock (.38) ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီးအလုံး ၄၀ စုစုပေါင်းကျပ်သိန်း ၂၀၀ တန်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်သားတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးနိုင်တယ်လို့လည်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပုံစာ - သိမ်းဆည်းခံရသည့် ကားနှင့် လက်နက် ခဲယမ်းများ။ (ဓါတ်ပုံ - စစ်ကောင်စီ တယ်လီဂရမ်)
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ရေစကြို #တိုက်ပွဲ #ကား #ဗုံးသီး
Share Share Share