ဗုံးအတုကို စနိုက်ပါနဲ့ ပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရလို့ စခန်းမှူးအပါ ၂ ဦး ဒဏ်ရာပြင်းထန်ရ

ဗုံးအတုကို စနိုက်ပါနဲ့ ပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရလို့ စခန်းမှူးအပါ ၂ ဦး ဒဏ်ရာပြင်းထန်ရ

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁ ရေနံကလပ်ဒေါင့်အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေ ထောင်ခဲ့တဲ့မိုင်းအတုကို ပစ်ခတ်ဖောက်ခွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲခံရလို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Chauk Guerrilla Force(CGF) အဖွဲ့ဆီက သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကို ဇူလိုင်လ ၂၅ ရက် မနေ့ကမနက် ၇ နာရီလောက်မှာ ပြုလုပ်ခဲ့ပြီး ချောက် မြို့မရဲစခန်းမှူးနဲ့ ဝါဇီတပ်က စနိုက်ပါစစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာခဲ့တာလို့ ဆိုပါတယ်။ 

"ကျနော်တို့က ပထမ ရှောင်တခင်မြို့တွင်းကိုဝင်ရောက်ပြီး မိုင်း ၂ လုံးဆင်ထားပါတယ်၊ စစ်** ရဲ**တွေအလာကိုစောင့်နေတဲ့အချိန်မှာ ဗိုလ်အိမ်နံပါတ် ၆၀ ကနေ ကားနဲ့ ချောက်မြို့နယ်စခန်းမှူးအပါ ၅ ဦး ရောက်လာပါတယ်။ ဗုံးအတုတလုံးကိုလည်း ကျနော်တို့ထောင်ထားတဲ့နေရာရဲ့ မျက်နှာချင်းဆိုင် ကြံ့ခိုင်ရေးရုံးရှေ့မှာ မြင်သာအောင်ချထားတယ်။ဗုံးအတုကို သူတို့ကတွေ့သွားပြီး စနိုက်ပါနဲ့ မတ်တပ်ရပ်ပြီး ၃ ချက်ပစ်ပြီးတော့ ဖောက်ခွဲဖျက်ဆီးကြတယ်။ စခန်းမှူးနဲ့စစ်ခွေး ၁ ကောင်က ကျနော်တို့မိုင်းဆင်ထားတဲ့နေရာကို လျှောက်လာတဲ့အခါ မိုင်းရဲ့တည့်တည့်နီးပါးရောက်တဲ့အချိန် ဖောက်ခွဲဖျက်ဆီးလိုက်နိုင်တယ်" လို့  Chauk Guerrilla Force  ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

ချောက်မြို့မစခန်းမှူးအပါအဝင် ဗိုလ်အိမ်နံပါတ် ၆၀ က စစ်** ၁ ဦး နေရာတင်လဲကျသွားပြီး ဗိုလ်အိမ်နံပါတ် ၆၀ က ကားနဲ့အရေးပေါ်သယ်ကာ ရေနံဆေးရုံအထဲကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး "ဒုတိယတလုံးထောင်ထားတဲ့ဟာကို ခွဲဖို့စီစဉ်ပါတယ်၊ စစ်** ရဲ**တွေထပ်ရောက်လာတဲ့အချိန်မှာ မိုင်းက error တက်ပြီးမကွဲခဲ့ပါဘူး၊ ညနေ ၃ နာရီခွဲမှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကို သူတို့တွေ့သွားတယ်၊ မိုင်းကိုမကိုင်ရဲတော့ အမှတ် ၁ လမ်းနဲ့ ရေနံချက်စက်ရုံလမ်းကို ဒီကောင်တွေပိတ်လိုက်တယ်၊ ညနေ ၅ နာရီ ၁၀ မိနစ်အကြားမှာ ဒီကောင်တွေ ဖောက်ခွဲဖျက်ဆီးလိုက်နိုင်တယ်" လို့ ဗိုလ်ပေတက ပြောပါတယ်။

ချောက်မြို့မ စခန်းမှူးဝင်းစန်းတွင် လည်ပင်း မိုင်းစဖောက်ဝင်ဒဏ်ရာနဲ့ ချောက်ရေနံဆေးရုံမှာ ကုသနေရကာ ဗိုလ်အိမ်နံပါတ် ၆၀ မှာနေတဲ့ ဝါဇီတပ်က စနိုက်ပါသမားကတော့ နားရွက်ပြတ်ထွက်ပြီး ခန္ဓာကိုယ်တခြမ်း မိုင်းထိမှန်ပြီး မကွေးဆေးရုံးကို ပို့လိုက်ရတယ်လို့ သိရပါတယ်။

ဒီထိခိုက်မှုတွေကို တပ်တွင်းဖရဲသီးသတင်းပေးတွေရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ပြောပေမယ့် မြေလတ်အသံက သီခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီစစ်ဆင်ရေးကို Chauk Guerrilla Force၊ Burmar Revolution Ranger နဲ့ ချောက် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ကလည်း  ပေါက်မြို့နယ်တပ်ကုန်းပျူရွာကို Chauk Guerrilla Force နဲ့ Burmar Revolution Ranger တို့က တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ရဲဘော် ၁ ဦး ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ချောက် #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #CGF #BRR #စနိုက်ပါ #မိုင်းဆွဲတိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10