ဘန်ကာဆောက်နေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။ 

ပခုက္ကူမြို့နယ် ပခုက္ကူ-ပေါက်လမ်းပိုင်း မင်းနန်းတောလမ်းဆုံမှာ စစ်ဆေးရေးလုပ်ဖို့ ဘန်ကာတွေဆောက်နေတဲ့ နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီအထိ Fix Wings လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ 

အလားတူ ဖေဖော်ဝါရီ ၁၅ ရက်မှာပဲ မြိုင်မြို့နယ်အရှေ့ဘက် ကန်နီက ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပုသိမ်-မုံရွာလမ်းမှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။ ၂ ရက်သာအတွင်း ဗုံးကြဲချခဲ့တာမှာ ဒဏ်ရာရတာ ၉ ဦးဝန်းကျင်ရှိပြီး သေဆုံးတာမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ ကမ္မတပ်ပေါင်းစု နှင့် Pakokku People Defense Force (PPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မကွေး #စစ်အုပ်စု #ဘန်ကာ #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10