ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးသီးချလို့ ၇ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ ဘန်ကာဆောက်နေတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက Fixed Wings ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနက် ၈ နာရီခွဲလောက်မှာ ရွာသာကြီးကျေးရွာမှာ ဘန်ကာဆောက်လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းအသုံးပြုပြီး ၄၀ မမ ဗုံးသီး ၄ လုံးချခဲ့တာလို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးနောက် ရွာလယ်မှာစစ်တပ်က ဘန်ကာဆောက်နေတာကိုရပ်သွားတယ်လို့ ကျားညီနောင် (Tiger Brother)အဖွဲ့မှ ကိုရန်ကြီးက ပြောပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့်အဖြစ်ဖေဖော်ဝါရီလ ၁ ရက်မှာ ရွာသာကြီးကျေးရွာထဲက စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ပြီးနောက်မှာ အခုလိုဘန်ကာတွေ ဆောက်လုပ်နေတာလို့လည်း သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ရွာသာကြီးကျေးရွာမှာ ၉ လကျော်အကြာ တပ်စွဲထားပြီး အင်အား ၇၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကျားညီနောင်တပ်ဖွဲ့ (Golden Brother)၊ Ngwe Dwin Revolution Force၊ Buffalo Soldiers freedom force၊ Northern Tiger Group (NTG)၊ ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Farmer Hero (Khin U)၊ Magic Dragon၊ ရွာသာကြီးတိုက်နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #ရွာသာကြီးရွာ  #ဘန်ကာဆောက် #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #ထိခိုက် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10