ဘယ်နေရာမှာမှ စစ်တပ်က ပေါ်တာဆွဲတာမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ငြင်းဆို

ဘယ်နေရာမှာမှ စစ်တပ်က ပေါ်တာဆွဲတာမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ငြင်းဆို

ရန်ကုန်မြို့အပါအဝင် ဘယ်နေရာမှာမှ ပေါ်တာဆွဲတာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာတွေကတဆင့် နိုဝင်ဘာ ၂၂ ရက် မနေ့ညပိုင်းက ထုတ်ပြန်ပြောဆိုပါတယ်။

နိုဝင်ဘာနောက်ဆုံးပတ် ခုရက်ပိုင်းအတွင်းက စတင်ကာ ရန်ကုန်မြို့မှာ ပေါ်တာဆွဲခံရတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီဘက်က အခုလိုပြောဆိုလာတာပါ။

စစ်ကောင်စီတပ်အနေနဲ့ ပေါ်တာမဆွဲတဲ့အပြင် စစ်မှုထမ်းဟောင်းနဲ့ ရဲမှုထမ်းဟောင်းတွေကို ဆင့်ခေါ် ခိုင်းစေတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ဒုတိယနဲ့တတိယအပတ်တွေမှာ ရန်ကုန်မြို၊ ရွှေပြည်သာ၊ လှိုင်နဲ့ ကမာရွတ်စတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့လူငယ်တချို့ ပေါ်တာဆွဲခံရတယ်လို့ ယူဆနိုင်တဲ့ ဖမ်းဆီးမှုတွေခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်က ရန်ကုန်မြို့ပေါ်မှာ နေရာသစ်တွေတိုးချတပ်စွဲနေသလို မြို့တွင်း လုံခြုံရေးတင်းကျပ်ထားပြီး သံချပ်ကာယာဉ်တွေနဲ့ ညဘက်ကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီတပ် #ပေါ်တာဆွဲမှု #ငြင်းဆို #ဗိုလ်ချုပ် ဇော်မင်းထွန်း #စစ်ကောင်စီ #ပြောခွင့်ရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10