သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀ဝန်းကျင်နဲ့ တိုက်ပိတ်ခံထားရသူ ၈ဦးကို မနေ့က ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ ထောင်ဝန်ထမ်းတဦးဆီက သိရပါတယ်။
ထောင်ကြီးရဲ့ပြင်ပ သီးသန့်အဆောင်တွေကနေ အကျဆောင်ကို ရောက်လာတဲ့ ၁လပြည့် နေ့မှာပဲ သူတို့အားလုံးကို သာယာဝတီထောင်ကို မနေ့က ပို့လိုက်တာဖြစ်တယ်လို့ ထောင်ဝန်ထမ်းတဦးက ပြောပါတယ်။
" နိုင်ကျဉ်းတွေချည်းပဲ အကျဆောင်မှာ ချခံထားရတာ အားလုံး ၅၇ယောက်ရှိတယ်၊ တိုက်ပိတ်ခံရတဲ့ အကျဉ်းသား ၈ဦးပါတယ်၊ သူတို့ကတော့ ဘာပုဒ်မတွေဆိုတာ မသိရဘူး" လို့ ပြောပါတယ်။
သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ အကျဆောင်(၄) က နိုင်ကျဉ်း ၅၇ ယောက်မှာ ပုဒ်မ ၅၂( က) နဲ့ ဆက်နွယ်ပြီး အမှုဖွင့်ခံထားရတဲ့ အကျဉ်းသားက ၃၇ယောက်၊ ပုဒ်မ ၁၂၄(က) နဲ့ ၁၄ယောက်၊ ၅၁(ဂ) ၃ယောက်၊ ၄၉(က) ၁ယောက်၊ ၅၀(စျ) ၁ယောက်အပါအဝင် ၅၀၅(က)/ ၁၉ (စ) နဲ့ ၁ယောက် စုစုပေါင်း ၅၇ ယောက်အပြင် တိုက်ပိတ်ခံရသူ ၈ယောက်တို့ဖြစ်ပါတယ်။
အခုပြောင်းရွှေ့လိုက်တဲ့ သာယာဝတီအကျဉ်းထောင်က ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုအများဆုံးထောင်တွေထဲက တခုလည်းဖြစ်ပါတယ်။
အခုလို ဘားအံထောင်မှာ နိုင်ကျဉ်းတွေကို ထောင်ပြောင်းရွှေ့တာ ၂ကြိမ်ရှိပြီဖြစ်သလို ထောင်ဆူပူမှုလည်း ၂ကြိမ်ဖြစ်ခဲ့ဖူးပြီး နိုင်ကျဉ်း ၁၇ဦးအရေးယူခံရဖူးပါတယ်။
#မြေလတ်အသံ
Share Share Share