ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ ထုံးတွေတင်ထားတဲ့ ကုန်တင်သင်္ဘောတစီး မီးလောင် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းမှာ ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ထုံးတွေ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘော ၁ စီး  မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ကမ်းကပ်ပြီးကုန်တင်နေတဲ့ ကုန်တင်သင်္ဘော ၁ စီးဟာ ဝမ်းဗိုက်အတွင်းရေယိုနေတာကို ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ရေယိုလို့ ဝရိန်ဆော်ရာကနေ မီးလောင်တာ။ သင်္ဘောပေါ်မှာက ဆီ၊ ထုံးနဲ့ ဘိလပ်မြေတံဆိပ်စုံ ပါတယ်။ ဘိလပ်မြေက Cement တံဆိပ်ကတော့ များတယ်။ "လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် ဓာတ်ဆီပေပါ၊ ဘိလပ်မြေအိတ်အချို့၊ထုံးအိတ်အချို့နဲ့ ဆန်အိတ်အချို့အပါအဝင်ဓာတ်မြေဩဇာအိတ်တွေလည်း မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအရေအတွက်ကတော့ မသိရသေးပါဘူး။

အဆိုပါ သင်္ဘောပေါ်မှာ ဓာတ်ဆီပေပါ ၃၀၀ ကျော်၊ ဘိလပ်မြေအိတ်ပေါင်း ၇၀၀၀ ကျော်၊ ထုံးအိတ်ပေါင်း ၃၀၀၀ ကျော်၊ ဆန်အိတ်၊ ဓာတ်မြေဩဇာအိတ်တွေနဲ့ အိမ်ဆောက်ပစ္စည်းအချို့ပါတယ်လို့ သိရပါတယ်။

အဲဒီကုန်တင်သင်္ဘောဟာ ကသာကိုသွားမယ့်သင်္ဘောဖြစ်ပြီး ကမ်းကထွက်မိန့်မရသေးတာကြောင့် ကမ်းကပ်ထားတာ ၁ လခန့်ရှိပြီလို့လည်း ဒေသခံ ၁ ဦးက ပြောပါတယ်။

မီးလောင်မှုကို Level 1အဆင့် သတ်မှတ်ပြီး မဟာအောင်မြေမြို့ နယ်အတွင်းက သန္ဓေနဲ့အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။  

မေ ၆ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ အုပ်စု၊ ညောင်ပင်စောက်ကျေးရွာမှာ အမှိုက်ပုံမီးလောင်ရာမှ နေအိမ် ၁၂ လုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #ဂေါဝန်ဆိပ်ကမ်း #သင်္ဘော #မီးလောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10