ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ ထုံးတွေတင်ထားတဲ့ ကုန်တင်သင်္ဘော ၁ စီး မီးလောင်

ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ ထုံးတွေတင်ထားတဲ့ ကုန်တင်သင်္ဘော ၁ စီး မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းမှာ ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ထုံးတွေ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘော ၁ စီး  မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ကမ်းကပ်ပြီးကုန်တင်နေတဲ့ ကုန်တင်သင်္ဘော ၁ စီးဟာ ဝမ်းဗိုက်အတွင်း ရေယိုနေတာကိုဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ရေယိုလို့ ဝရိန်ဆော်ရာကနေ မီးလောင်တာ။ သင်္ဘောပေါ်မှာက ဆီ၊ ထုံးနဲ့ ဘိလပ်မြေတံဆိပ်စုံပါတယ်။ ဘိလပ်မြေက Cement တံဆိပ်ကတော့ များတယ်။ "လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ဓာတ်ဆီပေပါ၊ ဘိလပ်မြေအိတ်အချို့နဲ့ ထုံးအိတ်အချို့ မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအရေအတွက်ကတော့ မသိရသေးပါဘူး။

အဆိုပါ သင်္ဘောပေါ်မှာ ဓာတ်ဆီပေပါ ၃၀၀ ကျော်၊ ဘိလပ်မြေအိတ်ပေါင်း ၇၀၀၀ ကျော်၊ ထုံးအိတ်ပေါင်း ၃၀၀၀ ကျော်နဲ့ အိမ်ဆောက်ပစ္စည်းအချို့ပါတယ်လို့ သိရပါတယ်။

မီးလောင်မှုကို Level 1အဆင့် သတ်မှတ်ပြီး မဟာအောင်မြေမြို့ နယ်အတွင်းက သန္ဓေနဲ့အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ 

 

မေ ၆ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာမှာ အမှိုက်ပုံမီးလောင်ရာမှ နေအိမ် ၁၂ လုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#မန္တလေး #ဂေါဝန်ဆိပ်ကမ်း #သင်္ဘော #မီလောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10