ဘီးလူးစစ်ကြောင်းကဖမ်းထားတဲ့ ရဲဘော်ကိုသွားကယ်ရင်း တိုက်ပွဲဖြစ်လို့ စကစဘက်က ၁၀ ဦးသေဆုံးဟုဆို( ရုပ်/သံ)

ပြီးခဲ့တဲ့ မေလ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ မိုင်းစစ်ဆေးဖို့ သွားရင်းအဖမ်းခံလိုက်ရတဲ့ ရဲဘော်ကို ကယ်ဖို့ သွားတဲ့အဖွဲ့နဲ့ စစ်ကောင်စီတို့ ရေစကြိုမြို့မှာ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။

ရေစကြိုမြို့နယ်အတွင်း မိုင်းစစ်ဆေးဖို့သွားတဲ့ Myingyan Black Tiger (MBT) အမှတ် ၂ စစ်ဆင်ရေးက ရဲဘော်၂ဦး စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ကာ ဖမ်းခံလိုက်ပြီး ၁ဦးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။

လွတ်လာခဲ့တဲ့ ရဲဘော်က ဌာနချုပ်ကို သတင်းလှမ်းပေးလို့ ပေါင်ကျည်ထိမှန်ပြီး မပြေးနိုင်ဘဲ ကျန်နေခဲ့တဲ့ ရဲဘော်ကို ဌာနချုပ်က အင်အားအလုံးအရင်းနဲ့ သွားကယ်ခဲ့ကြတယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"ပထမတော့ ကျနော်တို့ ရဲဘော်ကို ထင်းတန်းရပ်ကွက်ထဲမှာ ပက်လက်လှန်ထားတယ်။  အင်အား ၃၀ လောက်နဲ့ ကျနော်တို့ကို ထောင်ခြောက်ဆင်တာ။ ကျနော်တို့ဘက်က အင်အားများမှန်းသိတော့ သူတို့ကကျနော်တို့ရဲဘော်ကို ကားပေါ်တင်ပြီး ပြန်ပြေးတာ။" လို့ ဆိုပါတယ်။

အဲ့ဒီကတဆင့် ဒဏ်ရာရရဲဘော်ကို ဆေးရုံမှာ ဆေးကုပေးတယ်ဆိုပြီး သတင်းရလို့ ဆေးရုံကို လိုက်သွားခဲ့ပေမယ့် စစ်သား အင်အား ၁၀၀ လောက်နဲ့ ဒဏ်ရာရရဲဘော်ကို စုပေါင်းရုံးဘက်ကို ပြန်သယ်သွားခဲ့ကြတယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲဘော်ကို ရုံးပေါင်းစုံထဲကိုသယ်သွားတယ်။ ကျနော်တို့ ရဲဘော်ကို မကယ်ထုတ်နိုင်တာနဲ့ ရုံးပေါင်းစုံကို ဝင်ပြီးတိုက်ခိုက်ခဲ့တာ" လို့ Myingyan Black Tiger(MBT) ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရုံးပေါင်းစုံတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးတယ်လို့ အတွင်းသတင်းပေးချက်အရ သိရပေမယ့် ဒဏ်ရာတွေနဲ့ ဖမ်းခံထားရတဲ့ ရဲဘော်ကိုတော့ မကယ်ထုတ်နိုင်လိုက်ဘူးလို့ ဆိုပါတယ်။

ရဲဘော်ကို ဖမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းကဖြစ်ပြီး ဒဏ်ရာရထားတဲ့ရဲဘော်ကို ထပ်ပြီးနှိပ်စက်တာ၊ ဓါးနဲ့ထိုးတာတွေအပြင်ဒဏ်ရာတွေကို ဆားနဲ့ပက်တာတွေလည်းလုပ်နေတယ်လို့ သိရပါတယ်။


တည်းဖြတ်- ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #တပ်မ၉၉ #ဘီလူးစစ်ကြောင်း #MBTPDF  #စုပေါင်းရုံး #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10