ဘီးလူးစစ်ကြောင်း လက်ကျန်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရွှေလှံရွာအနီးမှာ ဘီးလူးစစ်ကြောင်းက လက်ကျန်စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဘီးလူးစစ်ကြောင်းက လက်ကျန်စစ်သားတွေ ဝင်ရောက်လာချိန်မှာ MBT အဖွဲ့က စစ်ကြောင်း ၃ ကြောင်းခွဲကာ တိုက်ခိုက်ခဲ့တာလို့  Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရွှေလှံရွာအရှေ့ဘက်ကနေ စစ်ကောင်စီတပ်သားတွေ ဝင်လာလို့ MBT တပ်ဖွဲ့ဝင်တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီးလိုက်လံပစ်ခတ်ရှင်းလင်းတဲ့အချန် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ် ၆၀ မမတွေနဲ့ ပစ်ခတ်လို့ MBT ခေါင်းဆောင် ဦးစီးတဲ့စစ်ကြောင်းဟာ အပိတ်ခံလိုက်ရတယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပူးပေါင်းမဟာမိတ်တွေက တန်ပြန်တိုက်ခိုက်ပေးတဲ့အတွက် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ (MBT) စစ်ကြောင်းဟာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာအနည်းအယ် ရသွားတယ်လို့လည်း သိရပါတယ်။

အပြန်အလှန်တိုက်ခိုက်မှု ၆ နာရီဝန်းကျင် ကြာခဲ့ပြီး ဘီးလူးစစ်ကြောင်းက ကျန်ခဲ့တဲ့ စစ်သားတွေနဲ့ ရေစကြိုမြို့ပေါ်က စစ်သားတွေဟာ တိုက်ခိုက်ခံပြီး အဲဒိညမှာပဲ ရေစကြိုမြို့ပေါ်ကိုပြန်သွားကြတယ်လို့  ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT) ၊Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကြားတပ်၊ NY- PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ နဂါးညီနောင်တပ်ဖွဲ့ NY- PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group၊ Royal Eagle People Defence Force၊ နဂါးညီနောင်တပ်ဖွဲ့ နှင့် အခြားသော ညီနောင်မဟာမိတ်အင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ဘီးလူးစစ်ကြောင်း  #တိုက်ခိုက်ခံရ  #ထိခိုက်ကျဆုံး  #စစ်သား  #PDF  #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10