သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ ကျေးရွာ ၂၄ ရွာကို တကသများ-ရန်ကုန် (ASU)/ကျောင်းသားလက်ရုံးတပ်တော်(SAF) က ရွေ့လျားဆေးပေးခန်း (mobile clinic)နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ တကသများ-ရန်ကုန် (ASU)ဆီက သိရပါတယ်။
ရွေ့လျားဆေးပေးခန်း (mobile clinic)နဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ပြီးခဲ့တဲ့ ၂၀၂၄ မတ်လကစတင်ခဲ့ပြီး အခုနှစ် ၂၀၂၅ ဇန်နဝါရီပထမအပတ်အထိ ကျေးရွာပေါင်း ၂၄ ရွာအတွက် အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တာလို့ဆိုပါတယ်။
"Mobile Clinic ကတော့ အခုချိန်ထိဆို ရွာပေါင်း ၂၄ ရွာကိုဝင်ခဲ့တာရှိပါတယ်။ အဲ့မှာမှ တချို့ရွာတွေ အရေးပေါ်လိုလို့ ဒါမှမဟုတ် လိုအပ်လို့ပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ထပ်ဝင်ခဲ့တဲ့ရွာတွေတော့ရှိပါတယ်။" လို့ တကသများ-ရန်ကုန်(ASU)မှ တာဝန်ရှိသူတဦးကဆိုပါတယ်။
စစ်ရှောင်ပြည်သူတွေမှာ အများစုတွေ့ရတဲ့ရောဂါတွေကတော့ သွေးတိုး၊ ဆီးချို၊ ရာသီတုပ်ကွေး၊ အားနည်းခြင်း၊ ကိုယ်လက်ကိုက်ခဲ၊ ဝမ်းပျက်ဝမ်းလျှော၊ ချောင်းဆိုး စတဲ့ရောဂါတွေ တွေ့ရှိခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
"အရမ်းစိုးရိမ်ရတာမျိုးတော့ မရှိပါဘူးဗျ၊ တချို့ဆီးချိုရောဂါသမားတွေ ခြေလက်ဖြတ်ထားရတာ၊ အနာသန့်ရှင်းရေးမလုပ်နိုင်ကြလို့ ကျွန်တော်တို့ရဲဘော်တွေရောက်သွားမှ လုပ်ပေးရတာတွေတော့ရှိပါတယ်။" လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ကျေးရွာ ၄ ရွာက ပြည်သူတွေကို တကသများ-ရန်ကုန် (ASU)/ကျောင်းသားလက်ရုံးတပ်တော်(SAF) က ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ခဲ့တယ်လို့ ASU ကဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါခဲ့တယ်။
ပုံစာ - ASU/SAF ရဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပုံများ။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ASU #SAF #စစ်ကိုင်း #ဘုတလင် #ရွေ့လျားဆေးပေးခန်း
Share Share Share