ဘုတလင် ကျောင်းသားများသမဂ္ဂက ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ဘုတလင် ကျောင်းသားများသမဂ္ဂက ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျေးရွာတရွာမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး အောက်တိုဘာ ၂၉ ရက်ညက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့သပိတ်စစ်ကြောင်း တခုပြုလုပ်ခဲ့ကြပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်တာကိုခံခဲ့ရတဲ့ ဘုတလင်မြို့နယ်ကျောင်းသားသမဂ္ဂမှ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော် သုတနေတို့အတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့ကြတာပါ။  

အဆိုပါ ရဲဘော် ၃ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က ဘုတလင်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို စီးနင်းခံရပြီးနောက်မှာ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ဘုတလင် #ကျောင်းသားများသမဂ္ဂ #အာဏာရှင်ဆန့်ကျင်ရေး #သပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10