သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော်တဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။
ဘုတလင်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ရှေ့တန်းမှာ တလကျော်ကြာ တိုက်ပွဲဝင်နေရင်း ဖျာနာပြီး နေမကောင်းဖြစ်နေတာကြောင့် ရှေ့တန်းအနီးက BLDF စခန်းတနေရာမှာ ဆေးကုသမှုခံယူရင်း နိုဝင်ဘာ ၁၂ရက် ဒီမနက်၄နာရီမှာ ဆုံးပါးသွားခဲ့တာလို့ BLDFစစ်ဒေသ၂ စစ်ရေးတာဝန်ခံ ရဲဘော်ဟန်ကြီးကပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် ရဲဘော်ခိုင်ဇော်ဖြိုး(ခ) လေးဖြူဟာ အာဏာမသိမ်းခင်က ဝပ်ရှော့ဆရာတယောက်ဖြစ်ပြီး ၂၀၂၃ခုနှစ်က စတင်ကာ BLDFထံဝင်ရောက်ကာ တိုက်ခိုက်ရေးရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
သူဟာ ပျော်ပျော်နေတတ်သူဖြစ်ကာ တိုက်ပွဲတိုင်းပါဝင်လေ့ရှိပြီး BLDF မှာတော့ အသက်အကြီးဆုံး တိုက်ခိုက်ရေးရဲဘော်တဦးဖြစ်တယ်လို့ ဆိုပါတယ်။
စီပါရွာဖြစ်စဥ်အပါ ဘုတလင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်တွေနဲ့ လိုက်လံတိုက်ခိုက်ရင်း ရှေ့တန်းမှာ ရာသီဥတုအေးတဲ့ချိန်ဖြစ်တဲ့အပြင် မိုးလည်းရွာခဲ့တာကြောင့် နေမကောင်းဖြစ်ရင်း ဆုံးပါးသွားခဲ့တာလို့ ဆိုပါတယ်။
သူ့ရဲ့နာရေးကို နိုဝင်ဘာ၁၂ရက် နေ့လယ်ပိုင်းမှာ ဘုတလင်မြို့နယ်တနေရာမှာပြုလုပ်ခဲ့ပြီး BLDF တပ်စိပ်၂စိပ် တာဝန်ခံတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံပြည်သူတွေကလိုက်ပါပို့ဆောင်ခဲ့ကြကာ ဂူသွင်းသဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။
Photos - Special Regional Attacks Forces-Monywa
တည်းဖြတ် - HP
#မြေလတ်အသံ
18m
Share Share Share