သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော် ၁ ဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။
ဘုတလင်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ရှေ့တန်းမှာ ၁ လကျော်ကြာ တိုက်ပွဲဝင်နေရင်း ဖျားနာပြီး နေမကောင်းဖြစ်နေတာကြောင့် ရှေ့တန်းအနီးက BLDF စခန်းတနေရာမှာ ဆေးကုသမှုခံယူရင်း နိုဝင်ဘာ ၁၂ ရက် ဒီမနက် ၄ နာရီမှာ ဆုံးပါးသွားခဲ့တာလို့ BLDFစစ်ဒေသ၂ စစ်ရေးတာဝန်ခံ ရဲဘော်ဟန်ကြီးက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် ရဲဘော်ခိုင်ဇော်ဖြိုး (ခ) လေးဖြူဟာ အာဏာမသိမ်းခင်က ဝပ်ရှော့ဆရာ ၁ ယောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်က စတင်ကာ BLDF ထံဝင်ရောက်ကာ တိုက်ခိုက်ရေးရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပျော်ပျော်နေတတ်သူဖြစ်ကာ တိုက်ပွဲတိုင်းပါဝင်လေ့ရှိပြီး BLDF မှာတော့ အသက်အကြီးဆုံး တိုက်ခိုက်ရေးရဲဘော် ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
စီပါရွာဖြစ်စဥ်အပါ ဘုတလင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်တွေနဲ့ လိုက်လံတိုက်ခိုက်ရင်း ရှေ့တန်းမှာ ရာသီဥတုအေးတဲ့ချိန်ဖြစ်တဲ့အပြင် မိုးလည်းရွာခဲ့တာကြောင့် နေမကောင်းဖြစ်ရင်း ဆုံးပါးသွားခဲ့တာလို့ ဆိုပါတယ်။
သူ့ရဲ့နာရေးကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ ဘုတလင်မြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ပြီး BLDF တပ်စိပ် ၂ စိပ် တာဝန်ခံတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံပြည်သူတွေကလိုက်ပါပို့ဆောင်ခဲ့ကြကာ ဂူသွင်းသဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။
Photos - Special Regional Attacks Forces-Monywa
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ဘုတလင် #စစ်ကြောင်း #PDF #နာမကျန်း #ဆုံးပါး
Share Share Share