ဘုတလင်နဲ့အရာတော်မှာ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အဖြစ် သပိတ်ပြုလုပ်

ဘုတလင်နဲ့အရာတော်မှာ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အဖြစ် သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ အရာတော်မြို့နယ်မှာ ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားအဖြစ် သပိတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ကျောင်းသားအရေးတော်ပုံ ၆၂ နှစ်ပြည့် ကြွေကွဲအောက်မေ့ဖွယ် အခမ်းအနားအဖြစ် ဘုတလင်မှာ ဆိုင်ကယ်သပိတ်နဲ့ အထိုင်သပိတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်သပိတ်ကတော့ ဆိုင်ကယ်အစီးရေ ၃၀ ကျော်ပါ၊ ထိုင်သပိတ်မှာကတော့ လူ ၂၀၀ ကျော် ပါဝင်ပါတယ်။” လို့ ဘုတလင်မြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို ဘုတလင်မြို့နယ်သပိတ်အင်အားစုနဲ့ ဘုတလင်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အရာတော်မြို့နယ်မှာလည်း ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကျင်းပခဲ့ပြီး ကျောင်းသားထုနဲ့ ပြည်သူလူထုပူးပေါင်းကာ “၇.၇.၆၂ မမေ့ကြနဲ့၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ” စတဲ့ စာသားပါ ဘန်နာတွေကိုင်စွဲကာ သပိတ်စစ်ကြောင်းထွက်ခဲ့ကြပါတယ်။ 

အဆိုပါ သပိတ်စစ်ကြောင်းကို အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်၊ အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီ၊ အထက(မလဲသာ) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ အရာတော်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #ဘုတလင် #ဆဲဗင်းဂျူလိုင် #သပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10