ဘုတလင်မြို့‌က စစ်တပ် တပ်စွဲထားတဲ့ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးကို ဒရုန်းနဲ့ဗုံးကြဲ

ဘုတလင်မြို့‌က စစ်တပ် တပ်စွဲထားတဲ့ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးကို ဒရုန်းနဲ့ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးတို့ကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၁၇ ရက် မနေ့ ညနေ ၃ နာရီအချိန်ခန့်က မြို့နယ်ထွေအုပ်ရုံးအတွင်း ဗုံးသီး ၃ လုံး၊ စုပေါင်းရုံး အတွင်းကို ဗုံးသီး ၁ လုံးပစ်ချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ဆင်ရေးတာ၀န်ခံက ပြောပါတယ်။

"ဘုတလင်နယ်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုး ဒုက္ခပေးနေတာကြောင့် မြို့ပေါ်မှာရှိတဲ့ သူတို့(စကစ)တပ်စွဲထားတဲ့နေရာကို သွားတိုက်ခိုက်တာပါ။ အဲ့ဒီဒေသတွင်း အဖွဲ့က အကူအညီတောင်း လှမ်းခေါ်တာပေါ့" လို့ ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးတာ၀န်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုနဲ့‌ပတ်သက်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

အလားတူ ဒေါင်းတမန်စစ်ဆင်ရေးအဖြစ် ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာကို ရောက်ရှိနေတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို အဲဒီနေ့ ညနေ ၅ နာရီအချိန်က ဗုံးသီး ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Shar Htoo WAW နည်းပညာတပ်ဖွဲ့ရဲ့ Team 3 PDAF၊ Team 4 SSTF၊ မုံရွာခရိုင် တပ်ရင်း(၂၄)တပ်ခွဲ(၃) တိမ်တမာန်လေကြောင်းစစ် ဆင်ရေး၊ ခွဲ(၁)(၄)၊ Ninja PDF၊ တပင်ရွှေထီး၊ LPDF၊ ဗိုလ်ချုပ်၊ ၀က်လက်၊ Wings Of Kalay ကလေး၊ ကျောက်လုံးကြီး(KLG)တပ်မဟာ၊ မြောင်မြို့နယ် အနောက်ပိုင်း တိုက်ခိုက်ရေး CDSOM (001)၊ အရာတော် MRTF၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ MSPDF၊ Seven People Defence Force-Mandalay၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ့် ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန်လာပြီဇာတ်ကား ထောက်ပို့အဖွဲ့၊ Support To Federal Democracy ၊ မဖြူလေး စတဲ့ ဒေသတွင်းပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက်ပိုင်းမှာ ဘုတလင်မြို့နယ်ရှိ ကျေးရွာတွေကို စစ် ကြောင်းထိုး၀င်ရောက်မှုတွေ လုပ်ဆောင်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ် သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #ဘုတလင် #စစ်ကိုင်း #ထွေအုပ်ရုံး #စုပေါင်းရုံး #ဗုံးချတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10