ဘုတလင်မြို့ပေါ်က စစ်တပ်စခန်းတွေကို PDF က  ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

ဘုတလင်မြို့ပေါ်က စစ်တပ်စခန်းတွေကို PDF က  ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့စခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် မောင်းသူမဲ့လေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အင်အားအသီးသီးခွဲပြီး တပ်စွဲထားတဲ့ မြို့မရဲစခန်း၊ မြို့နယ်မီးသတ်ရုံး၊ ထွေအုပ်ရုံး၊ စုပေါင်းရုံး (OSS) တို့ကို အောက်တိုဘာ ၈ ရက်မှာ ၁ ကြိမ်၊ ၉ ရက်မှာ ၁ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မြို့က သိပ်မကျယ်ဘူးလေ။ ကျဥ်းကျဥ်းလေး။ ရုံးတွေက တခုနဲ့တခု သိပ်မဝေးကြဘူး။ အဲ့ဒါကို တရုံးပြီးတရုံး ဗုံးကြဲခဲ့တာ။ အဓိကတော့ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ" လို့ B-21Kani PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို နမခ စစ်ဆေးရုံးမှာ သွားရောက်ကုသချိန် အောက်တိုဘာ ၉ ရက်မှာ အဲဒီထဲက ၈ ဦး သေဆုံးခဲ့ကြောင်း တပ်တွင်းသတင်းပေး (ဖရဲသီး) ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

တိုက်ခိုက်နေချိန်အတွင်းမှာတော့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မောင်းသူမဲ့လေယာဥ်ကို ပစ်ခတ်ခဲ့ပေမယ့် လေယာဥ်အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်ခရိုင်အမှတ် (၉) တပ်ရင်း (N.W.P.D.F)၊ Ba Thu Kyawal Column၊ B-21Kani PDF ( ယင်းမာပင်ခရိုင်တပ်ရင်း၁၇)၊ Chindwin Brothers တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်မှာလည်း ဘုတလင်မြို့ပေါ်က မြို့နယ်ထွေအုပ်ရုံးထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်း၊ Ba Thu Kyawal Column အဖွဲ့တို့က ၁၂၀ မမ ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင်မြို့ #စစ်ကောင်စီ #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10