ဘုတလင်မှာ စစ်သားတဦး လက်နက်နဲ့ အလင်းဝင်

ဘုတလင်မှာ စစ်သားတဦး လက်နက်နဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မစခန်းက စစ်ကောင်စီတပ်သားတဦး မုံရွာခရိုင် အမှတ်  ၂၀ တပ်ရင်း -BOB Battalion of Budalin ကို လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ရင်းကတဆင့် သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်က ရဲဘော်တွေနဲ့ ချိတ်ဆက်ကာ အလင်းဝင်လာတာဖြစ်ပြီး သူနဲ့အတူ MA 1 max 2 တလက်၊ MA ကျည် အတောင့် ၄၂၀၊ MA ကျည်ဘောက် ၆ ခု၊ အီနာဂါ ၂ ဖူး ပါလာခဲ့တယ်လို့ ဆိုပါတယ်။

 

CDM လုပ်ဖို့ ကျနော်တို့နဲ့ ချိတ်ထားတဲ့ စစ်သားက အခွင့်အရေးရတာနဲ့ ဒီည ထွက်ခဲ့မယ်ဆိုတော့ ကျနော်တို့ ရဲဘော်တွေ မြို့နား ညတွင်းချင်းကပ်ပြီး ခေါ်လာခဲ့တာပါ။” လို့ BOB တပ်ရင်း ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက  ပြောပါတယ်။

 

အဆိုပါ အလင်းဝင်လာတဲ့ အသက် ၃၅ နှစ်အရွယ် စစ်သားဟာ ခမရ ၇၀၃ ကနေ ဘုတလင်မြို့မစခန်းကို ပြောင်းရွေ့တာဝန်ကျလာသူဖြစ်ပြီး အသေးစိတ်အချက်လက်ကတော့ မိသားစုလုံခြုံရေးကြောင့် ထုတ်ဖော်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

 

လက်ရှိ တပ်ရင်းရဲ့ မူဝါဒအရ စောင့်ကြည့်ကာလ ၃ လနဲ့ လုံခြုံတဲ့နေရာမှာ ထားရှိပြီး သတ်မှတ်ကာလပြည့်ပါက ဇာတိပြန်ပို့ပေးတာတွေရှိသလို ဆန္ဒရှိပါက ထောက်ပို့နဲ့ နောက်တန်းပိုင်းမှာ တာဝန်ပေးအပ်တာမျိုးတွေ ရှိတယ် လို့ သိရပါတယ်။

 

မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း -BOB Battalion of Budalin ဟာ ဘုတလင်မြို့ပေါ်နဲ့ မြို့တဝိုက်မှာ စစ်ရေး လှုပ်ရှားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဘုတလင်မြို့ပေါ်မှာ ဈေးဝယ်လာတဲ့ ရဲတပ်ကြပ် ကျော်ကိုကိုခန့် ကို အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

 

 

စာတည်း-လင်းဇေ

 

 

#မြေလတ်အသံ

 

#စစ်ကိုင်းတိုင်း #ဘုတလင်မြို့ #စစ်ကောင်စီ #မုံရွာခရိုင် #BOB #Battalion #လက်နက် #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10