ဘုတလင်မှာ ၆၁ နှစ်ပြည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ပွဲကျင်းပ

ဘုတလင်မှာ ၆၁ နှစ်ပြည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တနေရာမှာ ဆဲဗင်းဇူလိုင် အရေးတော်ပုံ ၆၁ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က အဖွဲ့ချုပ်ထံက သိရပါတယ်။

ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (စစ်ကိုင်းတိုင်းဒေသကြီး)က ဆဲဗင်းဇူလိုင်အခမ်းအနားနဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါအခမ်းအနားနဲ့သပိတ်စစ်ကြောင်းမှာ ဆဲဗင်းဇူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်ကိုဆက်လက်ကိုင်စွဲကြ၊ စစ်သုံးစစ်ကိုအမြစ်ဖြတ်တိုက်ဖျက်ကြ၊ ဖက်ဆစ်တပ်ကို ဖြိုချ၊ လူ့ဘောင်အသစ်ကို ကြိုကြ၊ စာသားပါ ဘန်နာများအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေးလှုပ်ရှားမှုများကို အင်အားအလုံးအရင်းဖြင့် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဘုတလင် #ဆဲဗင်းဇူလိုင် #စစ်ကိုင်းတိုင်းဒေသကြီး #ဗကသ #သပိတ်စစ်ကြောင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10