ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စု မိုင်းခွဲခံရပြီး ၂ ဦး သေဆုံးဟုဆို

ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စု မိုင်းခွဲခံရပြီး ၂ ဦး သေဆုံးဟုဆို

ရေစကြို၊ ဧပြီ ၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့စစ်အုပ်စုကို ဧပြီလ ၁ ရက် မနေ့ကနေ့လယ် ၂ နာရီခန့်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကပ်ကျော်ဘုန်းကြီးကျောင်းဝန်းအတွင်း ကင်းဘန်ကာတွေတည်ဆောက်ပြီးတပ်စွဲနေတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

“ရေစကြိုမြို့ပေါ်က စစ်တပ် ၃ တပ်က အင်အားဖြန့်ထားတာ၊ မိုင်း ၆ လုံးနဲ့ ဆွဲလိုက်တာ၊ ၂ ယောက်က တော့စုပ်ပြတ်သပ်ပြီး သေတယ်၊၊ ၃ ယောက်ဒဏ်ရာရတယ်၊ အဲ့ဒီထဲက ၁ ယောက်ကတော့ ဒဏ်ရာပြင်းတယ်" လို့ ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်တွေက လက်နက်ငယ်တွေ ပစ်ဖောက်ခဲ့ပေမယ့် ထိခိုက်တာမျိုး မရှိဘူးလို့သိရပါတယ်။

မတ်လ ၁၉ ရက်ကလည်း ရေစကြိုမြို့နယ်၊ စုပေါင်းရုံးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10