ဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်သားတွေ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ Burma Revolution Rangers တာဝန်ရှိသူက ပြောပါတယ်။

စစ်သားအင်အား ၃၀ ဝန်းကျင် တပ်စွဲနေတာကို ဇွန်လ ၁၉ ရက် နေ့လယ် ၁ နာရီကျော်က တကြိမ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့သလို ၂၁ ရက် ညနေ ၄ နာရီကျော်မှာ တကြိမ်ထပ်မံတိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"၁၉ ရက်နေ့က ကျနော်တို့ RPG စမ်းရင်း ပစ်မယ်ဆိုပြီးသွားတာမှာ စက်က ဆေ့မဖြစ်တာနဲ့ မပစ်လိုက်ရဘဲ အဲ့မှာ ကင်းပုန်းနဲ့တိုးလို့ တိုက်ပွဲဖြစ်တာ။ စနိုက်ပါနဲ့ ချောင်းပစ်ခဲ့တာတော့ မျက်မြင်ရှေ့မှာ တယောက်လဲကျသွားတယ်၊ နောက်ပိုင်းသတင်းထောက်တော့ ၂ ယောက် ထပ်သေတယ်လို့ သိရတယ်၊ ၂၁ ရက်နေ့က တိုက်တာက ၃ ဦးသေတယ်။ ၂ ရက်ပေါင်း ၆ ကောင်ပေါ့။ တပ်စွဲနေတာက စခတွေပဲ၊ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ ချောင်းမြောင်းပစ်ခတ်တာ" လို့ Burma Revolution Rangers(BRR) မှ တာဝန်ခံ ဗိုလ်ကာတွန်းက ပြောပါတယ်။

အဲ့ဒီစစ်သားတွေဟာ အရှေ့ချောက်ကန်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတာ တလဝန်းကျင်ရှိနေပြီး ဘယ်တပ်ရင်းကလဲတော့ သေချာမသိရသေးဘူးလို့ ဗိုလ်ကာတွန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chuck Guerrilla Force၊Burma Revolution Rangers၊ Pakokku (PPDF)၊ ဇာမဏီဒုန်းတပ်ဖွဲ့၊ မြိုင်ပကဖတပ် ရင်း (၁) တပ်ဖွဲ့ (၃)၊  Black Dragon တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကလည်း အရှေ့ချောက်ကန်ကျေးရွာအနီး ယောင်မစွန်းဆီဆိုင်ရဲ့ရှေ့ ကားလမ်းမဘေးမှာ ဂိတ်ချပြီး လမ်းသွားလမ်းလာပြည်သူတွေကို ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို BRR နဲ့ မဟာမိတ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#ပခုက္ကူ #အရှေ့ချောက်ကန် #ဘုန်းကြီးကျောင်း #တပ်စွဲ #စစ်ကောင်စီ #BRR #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10