ဘုန်းကြီးတပါးအပါ ၁၀ဦး သေဆုံးခဲ့တဲ့ ညောင်ကုန်းရွာ လေယာဥ်ပစ်ခံရမှု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရဲ့တောင်ဘက်၊ ညောင်ကုန်းရွာမှာ PDF တွေစုဝေးနေတယ်ဆိုပြီး စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက် မနေ့ ညနေပိုင်း ၃ နာရီလောက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါးအပါ ၁၀ ဦးကျော် သေဆုံးတယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီလေတပ်က တိုက်လေယာဉ် ၁ စီးနဲ့ ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို ၂ ခေါက်ပတ်ပြီး မိနစ် ၂၀ ခန့်အကြာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဒီကောင်တွေက အကြောင်းမဲ့သပ်သပ် ရည်ရွယ်ချက်ရှိရှိကိုလုပ်သွားတာ။ အပြစ်မရှိတဲ့ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး ပစ်သွားတာ။ ပြီးတော့ ဘုရားစေတီတော်တွေလည်း ပျက်စီးတယ်။ ဆွမ်းစားဆောင် ကျောင်းဆောင် အကုန်ပျက်စီးတယ်" လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့အလောင်းတွေကိုတော့ တော်လှန်ရေးအင်အားစုတွေဝိုင်းဖွဲ့ပြီး မ​နေ့က ညနေ ၅ နာရီလောက်က သင်္ဂြိုလ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ညောင်းကုန်းရွာက နေအိမ် ၁၃လုံး‌ကျော် မီးလောင်ပျက်စီးသလို နွား ၂ ကောင်သေပြီး ပြည်သူ‌ ၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ညောင်ကုန်းရွာ #လေကြောင်းတိုက်ခိုက်မှု #ဘုန်းကြီးကျောင်း #ဘုန်းကြီး #အရပ်သား #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10