ဘုန်းကြီးမောင်းလာတဲ့ကား လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၁ ပါးပျံလွန် ၅ ပါးဒဏ်ရာရ

ဘုန်းကြီးမောင်းလာတဲ့ကား လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၁ ပါးပျံလွန် ၅ ပါးဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်မြို့အဝင်၊ ဆင်မကြပ်လမ်းဆုံအနီး မြို့ရှောင်လမ်းမှာ ကားချင်းရှောင်ရာမှ လမ်းဘေး သစ်ပင်ဝင်တိုက်ပြီး သံဃာတပါးပျံလွန်ခဲ့ကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၈ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်မှာ ရန်ကုန်ဘက်နေ ပြည်မြို့တွင်းကို ပြည်မြို့၊ မြို့သစ်ဘက်ရှိ နေသာဦးကျောင်းတိုက်မှ သံဃာတပါးမောင်းနှင်လာတဲ့ ကားဟာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ 

"သံဃာမောင်းလာတဲ့ ကားက သူမျက်နှာချင်းလာတဲ့ကားကို ရှောင်လိုက်တာ လမ်းဘေး သစ်ပင်ကိုဝင်တိုက်ပြီး အရှိန်နဲ့လှည်ထွက်သွားတယ်။ ကားမောင်းတဲ့ သံဃာတော်ကတော့ ဆေးရုံရောက်တော့ ပျံလွန်တော်မူသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် သက်တော် ၅၀ အရွယ် ယာဥ်းမောင်းသံဃာတပါး ပျံလွန်တော်မူသွားပြီး သက်တော် ၅၀ ခန့် သံဃာတပါး၊ အသက် ၁၀ နှစ်ကျော် ကိုရင်တပါး၊ အသက် ၃၀ ကျော် သီလရှင်နှစ်ပါးနဲ့ ဖိုးသူတော်တပါးတို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး ပြည်မြို့ဆေးရုံကို ပို့ထားပေးခဲ့ရပါတယ်။

မတ်လ ၁၉ ရက်မှာတော့ ပျံလွန်တော်မူသွားတဲ့ သံဃာတော်ရဲ့ရုပ်ကလပ်ကို သက်ဆိုင်ရာ ကျောင်းတိုက်ကိုပြန်သယ်သွားပြီး ကျန်သူတွေကတော့ ဆက်လက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

မတ်လ ၁၂ ရက် ညပိုင်းကလည်း ပြည်မြို့၊ နာရီစင်ကြီးအနီး မြောက်စောင်းတန်းလမ်းမှာ ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပြည် #ယာဥ်တိုက်မှု #သံဃာ #ပျံလွန်တော်မူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10