ဘုရားကြီးမြို့မစျေးက ဆိုင်အချို့မီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးပျက်စီးဆုံးရှုံး

ဘုရားကြီးမြို့မစျေးက ဆိုင်အချို့မီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးပျက်စီးဆုံးရှုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မစျေးရှိ ရေခဲမုန့်ဆိုင်တခုကနေ မီးစလောင်ပြီး ဘေးကပ်လျက်ဆိုင်ခန်းအချို့ကိုပါ မီးကူးစက်ခဲ့တာကြောင့် စုစုပေါင်းကျပ်သိန်း ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၆ နာရီလောက်မှာ ဘုရားကြီးမြို့ဈေးရှေ့ရှိ ဒေါ်ဝင်းဌေး ပိုင် "ဌေးဌေးမြတ်" ရေခဲမုန့်ဆိုင်မှာထားရှိတဲ့ ရေခဲသေတ္တာ Safe Guard ကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။

"သူတို့ဆိုင်မှာ လူမနေဘူး။ ညဆိုဆိုင်ပိတ် နေအိမ်ပြန်ကြတယ်။ မနက်ကျမှ ဆိုင်လာဖွင့်တာ။ ရေခဲသေတ္တာတွေဆိုလည်း မီးကမပိတ်ဘဲ အမြဲဖွင့်ထားလေ့ရှိတယ်။ တော်သေးတာက မနက်လမ်းသွားလမ်းလာတွေရှိတဲ့အချိန် လောင်လို့ပဲ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်လို့ "ဌေးဌေးမြတ်" ရေခဲမုန့်ဆိုင်နဲ့ ဘေးကပ်လျက်ရှိ "ထွန်းသစ်ဆေးဆိုင်"နှစ်ဆိုင်က ဆိုင်နဲ့ အတွင်းပစ္စည်းတွေမီးလောင်ခဲ့ပြီး နောက်ထပ် ဘေးကပ်လျက်ရှိ ဆိုင်ခန်း ၃ ခန်းလည်း မီးဟပ်ပြီး ပျက်စီးမှုအနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မီးလောင်ပြီး ၁ နာရီလောက်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ရေခဲမုန့်ဆိုင်ပိုင်ရင် ဒေါ်ဝင်းဌေးကိုတော့ ဘုရားနယ်မြေရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဘုရားကြီးမြို့မစျေး #မီးလောင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10