ဘုရားကြီးမှာ ကား ၃ စီးဆင့်တိုက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး

ဘုရားကြီးမှာ ကား ၃ စီးဆင့်တိုက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပဒေသာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ “ယမင်း” ထမင်းဆိုင်ရှေ့မှာ ယာဥ် ၃ စီးဆင့်တိုက်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က ဘုရားကြီးမြို့ကနေ ဒိုက်ဦးမြို့ကို မောင်းနှင်လာတဲ့ Ding Feng အမျိုးအစား ၂၂ ဘီး ဆီဘောက်ဆာကားက လမ်းကြောမရှင်းဘဲ အနောက်ဘက်ကို လှည့်ကွေ့ရာမှ Nissan Vanette အမျိုးအစား အဖြူရောင်ကားနဲ့ တိုက်မိခဲ့ပြီး ထမင်းဆိုင်ရှေ့တွင်ရပ်ထားတဲ့ ဖောကားနောက်ပိုင်းကိုပါ ထပ်မံတိုက်မိခဲ့တယ်လို့ သိရပါတယ်။

"ဆီဘောက်ဆာက ယာဥ်ကြောရှင်း မရှင်းမကြည့်ဘဲ ကွေ့ချလိုက်တာ။ သူနဲ့ကပ်ပါလာတဲ့ ကားကို တိုက်ပြီး ထမင်းဆိုင် ခြံနားရပ်ထားတဲ့ကားပါ ထပ်တိုက်တာ။ Nissan Vanette ခေါင်းခန်းက လိုက်လာတဲ့ အမျိုးသမီးက ခေါင်းတခြမ်းကြေသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် Nissan Vanette ယာဥ်ပေါ် ခေါင်းခန်းကလိုက်လာတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ဦးခေါင်းကြေသေဆုံးပြီး ယာဥ်မောင်းအမျိုးသားမှာလည်း မျက်နှာ၊ ဦးခေါင်း၊ လက်တို့မှာ ဒဏ်ရာပြင်းထန်ရပြီး ဇန်နဝါရီ ၁၈ ရက် ဒီနေ့နေ့လယ်အထိ သတိလစ်နေတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ Nissan Venette မှာ လိုက်ပါလာသူတွေပဲ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး သူတို့ကို ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကာ သူတို့နဲ့ပက်သက်တဲ့အချက်အလက်တွေကို မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

ယာဥ်တိုက်မှုကြောင့် ဆီဘောက်ဆာကား မောင်းသူကိုတော့ ဘုရားကြီးမြို့ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

၂၀၂၃ အောက်တိုဘာ ၁၂ ရက်ကလည်း ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ တောစွန်းကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားနဲ့ဆိုင်ကယ်တိုက်ပြီး နှစ်စီးစလုံးမီးလောင်ကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကားတိုက်မှု #အမျိုးသမီးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10