ဘုရားငါးဆူ ရဲကင်းစခန်သိမ်း တိုက်ခိုက်မှုမှာ ရဲ ၇ ဦးသေ

ဘုရားငါးဆူ ရဲကင်းစခန်သိမ်း တိုက်ခိုက်မှုမှာ ရဲ ၇ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ ဘုရားငါးဆူရဲကင်းစခန်းတိုက်ခိုက်ခံရတာကြောင့် ရဲ ၇ ဦးသေတယ်လို့ တောင်ပိုင်းတိုင်စစ်ဒေသခွဲ ၂ တာဝန်ရှိသူဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ည ၁၁ နာရီကျော်မှာ အင်အား ၁၅ ဦးရှိနေတဲ့ ဘုရားငါးဆူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက် မနက် ၁ နာရီမထိုးခင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

"ဘုရားငါးဆူရဲကင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးမှာ ညောင်ပင်သာရဲစခန်းကို ဆက်တိုက်ခဲ့တာ။ ဘုရားငါးဆူ တိုက်ပွဲကတော့ တနာရီကျော်လောက်ပဲ ကြာပါတယ်။ ရဲတွေက သေဆုံးသူ၊ ထွက်ပြေးသူရှိတယ်"လို့ တောင်ပိုင်းတိုင်စစ်ဒေသခွဲ ၂၊ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး သေနတ် ၆ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဘုရားငါးဆူရဲကင်းစခန်းဟာ ဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲဖွင့်လှစ်ထားတာဖြစ်လို့ စခန်းကိုတော့ မီးမရှို့ခဲ့ရဘူးလို့ ရဲဘော်တင်ဦးက ပြောပါတယ်။

အဆိုပါစခန်းကို တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်မနက် အစောပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေက ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး သေနတ် ၁၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ဘုရားငါးဆူရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် သိမ်းဆည်းရမိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူးမြို့နယ် #ကညွတ်ကွင်းမြို့ #ဘုရားငါးဆူရဲကင်းစခန်း #တိုက်ခိုက်သိမ်းပိုက် #ရဲသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10