ဘေးတွဲဆိုင်ကယ်မောင်းတဲ့ အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဘေးတွဲဆိုင်ကယ်မောင်းတဲ့ အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အမျိုးသားတဦး သြဂုတ် ၁၄ ရက် မနက် ၉ နာရီကျော်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံလူမူကူညီရေးအသင်းက ပြောပါတယ်။

သေဆုံးသူမှာ ညောင်ပင်သာကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးဆန်ပေါဖြစ်ပြီး ကျေးရွာရဲ့ ၃ ဖာလုံခန့် အကွာ ညောင်ပင်သာ-သင်ပြွန်းကျေးရွာရဲ့ကားလမ်းမှာ သေနတ်ပစ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူကကယ်ရီဆွဲ သွားတာ။ အဲ့အချိန်မှာ ပစ်သတ်ခံလိုက်ရတာ။ ကျည်ဆံက ၂ ချက်တွေ့ရတယ်။ ရင်ဘတ် ၁ ချက်၊ လည်ဂုတ် ၁ ချက်" လို့ ဒေသခံ လူမူကူညီရေးအသင်းတသင်းမှ အမျိုးသားတဦးကပြောပါတယ်။

ဦးဆန်ပေါဟာ နေအိမ်ကနေ ဘေးတွဲဆိုင်ကယ်မောင်းဖို့သွားချိန် အခုလိုအသတ်ခံရတာဖြစ်ပြီး သူဟာ စစ်ကောင်စီတပ်နဲ့ ဆက်စပ်သူတဦးဖြစ်သလို ညောင်ပင်သာကျေးရွာဟာလည်း ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာလည်း မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာရဲ့ အထက(ခွဲ) စာသင်ကျောင်းမှာ ညစောင့် လုပ်ကိုင်ကြတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးနဲ့ အသက် ၃၀ အရွယ်အမျိုးသားတဦးတို့ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံမြို့နယ် #အမျိုးသား #သေနတ်ပစ်ခံရ #ပျူစောထီး #ညောင်ပင်သာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10